Part-38 (U+Z)

34.1K 2.2K 304
                                    

ပန်းကန်ဆေးနေတဲ့လက်အစုံကရေပန်းတွေအောက်မှာတန့်သွားပြီး မိမိကိုထွေးပွေးလာတဲ့ချစ်ရသည့်လက်ကလေးများအားငုံ့ကြည့်လိုက်မိသည်။ ကျောပြင်ဝယ်တသိမ့်သိမ့်ဖြစ်လာသောခံစားချက်ကြောင့် အနောက်ကကောင်လေးငိုနေပြီမှန်းသိလိုက်ရ၏။ ဘုန်းဟန် လက်သုတ်ပဝါတစ်ထည်ဆွဲယူ၍လက်သုတ်လိုက်ပြီးနောက် ထွေးပွေ့ထားသည့်လက်အစုံကိုဖြည်ချကာကောင်လေးနှင့်မျက်နှာချင်းဆိုင်လိုက်ပါသည်။

မျက်နှာအောက်ချထားပြီး တအိအိရှိုက်ငိုနေတဲ့ကောင်လေး။ ဘုန်းဟန် ထိုမျက်ရည်တွေကိုမြင်တိုင်းစိတ်တွေတိုလွန်းလို့တစ်ခုခုကိုလုပ်ပစ်လိုက်ချင်သည်။ သို့သော် ယခုဘာလုပ်လို့လုပ်ရမှန်းမသိဘဲ ကြောင်ကြောင်လေးသာငေးကြည့်နေမိသည်။ ကျလာတဲ့မျက်ရည်တွေကိုသုတ်ပေးနေရင်းပေါ့။ ရှိုက်သံတစ်ဝက်ရောလျက်ထွက်လာသည့်စကားသံလေးများ...

"ထားခဲ့ပြီထင်တာ...ထားပြီးထွက်သွားပြီထင်တာ"

"ကိုယ်ကထားသွားရမယ် ဟုတ်လား...အဓိပ္ပါယ်မရှိတာတွေချမ်းရာ...မင်းနားဘဲနေချင်နေတာသိရဲ့နဲ့"

တရှုံ့ရှုံ့ငိုနေတဲ့ကောင်လေးက သူ့ကိုမော့ကြည့်လာပြီး...

"ကျွန်တော်တို့က ဘာလို့ဘေးသူစိမ်းအတွက်နဲ့ရန်ဖြစ်ရမှာလဲကိုကိုရယ်...နော်"

ဘုန်းဟန် တလိမ့်လိမ့်ကျနေတဲ့မျက်ရည်တွေကိုကြည့်ပြီးသူပါငိုချင်လာရသလို..။

"အင်းး...ဘာလို့ရန်ဖြစ်ရမှာလဲ...မဖြစ်ရဘူး ရှိတာမှဒီနှစ်ယောက်တည်းကို ဝမ်းနည်းစရာကိစ္စတွေမလုပ်ကြေးနော်..."

အဆုံးထိမဲ့ကျသွားတဲ့မျက်နှာလေးက သူ့ရင်ခွင်ထဲနစ်ထွက်မတတ်တိုးဝင်လာကာခါးကိုတင်းကျပ်နေအောင်ဖက်လာပြီး ဝမ်းနည်းပက်လက်ငိုကြွေးလေတော့၏။

"ကိုကိုအော်တယ်...ကိုကိုကျွန်တော့်ကိုဆောင့်တွန်းတယ်..."

ဘုန်းဟန် မိမိမေးဖျားနှင့်ထိစပ်နေသော ချမ်း,နားထင်စပ်လေးတွေကိုအသာအယာပွတ်ပေးနေမိကာ ချမ်း,၏ကျောပြင်ကိုခပ်တင်းတင်းပွေ့ဖက်ထားရင်းဖြင့်...

"ကိုကိုအစိုးရိမ်လွန်ပြီးအော်မိတာပါ ချမ်းလေးရယ်...ကိုကိုတောင်းပန်ပါတယ်နော်...အဲ့ကောင်ကိုမင်းနားမှာမြင်လိုက်တော့ကိုကိုအရမ်းစိုးရိမ်သွားလို့ပါ..."

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now