ကျေးဇူးတင်လွှာ / ေက်းဇူးတင္လႊာ

5.8K 433 66
                                    


ဟေး !!!!!  နေကောင်းကြရဲ့လား ?

ကျွန်တော်တော့ ချစ်သောရီဒါတို့ကိုလွမ်းနေပြီဗျာ ... ရီဒါတို့ရော ကျွန်တော့်ကိုလွမ်းလား ? ဒါမှမဟုတ် "ဟန်" တို့ကိုရောသတိရနေရဲ့လား ? ကျွန်တော်နဲ့ "ဟန်" တို့ကတော့ ခင်ဗျားလေးတို့ကိုအမြဲသတိရနေပါတယ်နော် 💜

ကျေးဇူးတင်လွှာလေးနဲ့ပြန်လာတာဆိုတော့ ကျေးဇူးအရင်တင်လိုက်ကြရအောင်ဗျာ ... နော် ...

ကဲ !  ဒါဆို စပြီနော်...💜

ကိုကိုနဲ့ချမ်းတို့ရဲ့ပုံပြင်လေးကို အရမ်းပြောပြချင်နေခဲ့တာ...

ငါပြောပြတဲ့ပုံပြင်လေးကို နားထောင်မယ့်သူရှိပါ့မလားဆိုပြီးတွေးပူနေခဲ့တာဗျ... အဲ့ဒါနဲ့ ကိုကိုနဲ့ချမ်းတို့ရဲ့ပုံပြင်အနှစ်ချုပ်လေးဆယ်စောင်ကိုကိုင်ပြီး သစ်ပင်ကြီးဆယ်ပင်ရဲ့သစ်ခေါင်းပေါက်လေးတွေထဲမှာထည့်ပြီးဆုတောင်းရတော့တာပေါ့...ဘာဆုတောင်းလဲသိလား ???

💜 ပုံပြင်စောင့်နတ်သား/နတ်သမီးလေးတို့ရေ !!! ကျေးဇူးပြုပြီး ဒီစာလေးတွေကို ပုံပြင်ချစ်သူလေးတွေလက်ထဲထည့်ပေးပါနော် ... သိပ်ချစ်ဖို့ကောင်းတဲ့ကောင်လေးနှစ်ယောက်က ပုံပြင်ချစ်သူလေးတွေသာမရှိရင် သူတို့နှစ်ယောက်တည်းပုံပြင်လေးထဲမှာ အထီးကျန်နေတော့မှာ ... အဲ့ဒါကြောင့် နတ်သား/နတ်သမီးလေးတို့က ကောင်လေးတွေအထီးမကျန်ရလေအောင်စောင့်ရှောက်ပေးပါဦးနော် 💜

ဆိုပြီး ဆုတောင်းခဲ့တာဗျ...ကျွန်တော့်ဆုတောင်းပြည့်တယ်သိလား...ဆုတောင်းပြီးလို့မျက်လုံးလည်းဖွင့်ကြည့်လိုက်ရော စာလေးတွေကတစ်စောင်မှမရှိတော့ဘူးလေ...ဆုတောင်းနေတုန်း ပုံပြင်စောင့်နတ်သား/နတ်သမီးလေးတွေကလာယူသွားတာနေမှာ..မကြာခင် ကောင်လေးတွေနဲ့ပုံပြင်ချစ်သူလေးဆုံတွေ့ရတော့မယ်ဆိုပြီး ပျော်နေခဲ့တာဗျ... ကျွန်တော်ပျော်နေတုန်းမှာဘဲ နား,နားကိုပုံပြင်စောင့်နတ်သား/နတ်သမီးလေးတွေက သူတို့ရဲ့နာမည်လေးတွေတိုးတိုးကပ်ပြောလာကြတယ်...သူတို့နာမည်လေးတွေကဘာတွေလဲသိလား....သူတို့နာမည်လေးတွေက.....

သူတို့နာမည်လေးတွေက

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now