Part - 13 (U+Z)

38.5K 3.3K 261
                                    

စာမေးပွဲနီးလေလေ စိတ်လှုပ်ရှားလေလေကကျွန်တော်မဟုတ်ဘဲကိုကိုဖြစ်နေခဲ့တယ်။ အခန်းထဲဝင်လာလိုက် ပြန်ထွက်သွားလိုက်ဘုရားခန်းထဲရောက်သွားလိုက်နဲ့ အခုလည်းမီးဖိုခန်းထဲမှာကျွန်တော့်အတွက် နွားနို့သွားကျိုနေလေရဲ့ ...

"ဇာဇာ !! "

"ရှင်...ကိုလေးဘုန်း.."

"ဒီကိုအမြန်လာ..."

ဇာဇာဆိုသည်မှာ အိမ်ရဲ့ဒရိုင်ဘာဥယျာဉ်မှူးကိုဝင်းနိုင်ရဲ့ ၈နှစ်ငယ်တဲ့ဇနီး ဇာခြည်ဖြစ်သည်။ မနှစ်ကရွာကိုအလည်ခဏပြန်တဲ့ကိုဝင်းနိုင် သူ့ဟာလေးကိုအိမ်သို့ မ,လာခြင်း။

"ဇာဇာရောက်ပြီကိုလေး...အဲ့ဒါအကိုလေးအတွက်လား"

လျှာရှည်ရန်ကော ဟူသည့်အကြည့်ဖြင့်ကြည့်လိုက်တော့ဇက်ပုသွားသူ။ ဘုန်းဟန်,နွားနို့အိုးကိုမွှေနေရင်းဖြင့်....

"နင့်အကိုလေးဖန်ခွက်ယူခဲ့ ဆားသေးသေးလေးထည့်...ဒီမှာငါလွှတ်လိုက်ရင် ဝေကျသွားမှာစိုးလို့"

ဇာဇာလည်းဖန်ခွက်ထဲ ဆားထည့်နေရင်းတိုးတိုးတိုးတိုးဖြင့်...

"နွားနို့ကျိုရင်အဆက်မပြတ်မွှေနေရမယ်လို့ဘယ်သူပြောလဲ...ယောက်မတစ်ချောင်းထည့်ထားရင်ရနေတဲ့ဟာကို...အဲ့ ကိုလေးဘုန်းကတစ်ခါတစ်ခါတအားအတွေးခေါင်တာဘဲ...ပြောရင်လည်းကြိုက်မှာမဟုတ်ဘူး"

"ဟဲ့..ဘာတွေပြောနေတာလဲ"

"ဘာမှမဟုတ်ဘူး ကိုလေး သကြားထည့်ရင်ကြိုက်မှာမဟုတ်ဘူးလို့ပြောတာပါ"

"နည်းနည်းဆိုချမ်း,ကကြိုက်တယ်...သကြားပုလင်းပါယူခဲ့...ငါထည့်မယ်"

"ဟုတ်..."

နွားနို့ပူပူလေးကိုဖန်ခွက်ထဲပြောင်းထည့်ရင်း ဆားသကြားသမအောင်မွှေလိုက်ပြီး နို့ပူပူလေးကိုအပေါ်ကကောင်လေးဆီယူသွားပေးရမည်။သူမီးဖိုခန်းကထွက်လာတော့ တစ်ယောက်တည်းယောက်ယက်ခတ်နေတဲ့သူ့ကိုအဖေက...

"ဟိုကောင်!!! စာမေးပွဲဖြေရမှာအငယ်ကောင်နော်ငါမျက်လုံးတွေနောက်....."

"နေဦးအဖေရာ...ဒီမှာအေးသွားလိမ့်မယ်"

ပြောပြီးအပေါ်တက်သွားတော့ မကြားကြားအောင်အော်ပြောပြန်သည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now