Part-39 (U+Z)

32.8K 2K 130
                                    

Chann Han နှင့် HAN တို့၏ logoများပါသော containerလေးစီးသည် မိုးများပါးသွားသည့်ရက်ပိုင်းတွေရဲ့မနက်ခင်းတစ်ခုမှာတော့ ကယ်ဆယ်ရေးပစ္စည်းများ၊လှူဒါန်းရန်ပစ္စည်းများနှင့် ဆေးဝါးအချို့ကိုတင်ဆောင်ကာ ပဲခူးရိုးမတောင်ခြေရှိ (-----)ရွာလေးသို့ဦးတည်မောင်းနှင်လျက်ရှိသည်။ထိုကားများ၏အရှေ့မှာတော့  "ဟန်" ၏ပရဟိတလူငယ်အချို့ကိုတင်ဆောင်ထားသောမီနီဘတ်စ်တစ်စီးရှိကာ နောက်ဆုံးမှာတော့"ချမ်းဟန် ဆေးရုံ" မှဆရာဝန်အချို့စီးနင်းလာသောမီနီဘတ်စ်တစ်စီးရှိပါ၏။

ဤအလှူဒါနကိုပြုလိုသည်မှာမိမိ၏ပြင်းပြနေသောဆန္ဒမလို့သာ ချမ်း,အသေအချာစိတ်နှစ်ထားရပါသော်လည်း သွားရသည့်ခရီးမှာပါရမီဖြည့်ဖက်မပါလာသည့်အခါ မပြည့်စုံသောကိစ္စတစ်ခုလိုခံစားနေရပါသည်။ တူတူသွားဖို့စီစဥ်ပြီးခါမှရုတ်တရက်ပေါ်လာသောစက်ရုံမြေနေရာကိစ္စကြောင့် ကိုကိုတစ်ယောက်ကျန်ခဲ့ရခြင်း။ အစိုးရနဲ့ငြိမလိုဖြစ်နေတဲ့အတွက်ဂရုတစိုက်ဖြေရှင်းဖို့သူ့ယောက်ျားမရှိလို့လည်းမရ။ သူမလိုက်ရတော့၍တစ်မနက်ခင်းလုံးသုန်မှုန်နေတဲ့မျက်နှာပိုင်ရှင်ကိုချော့တစ်ခါခြောက်တစ်လှည့်ဖြင့်ရုံးသို့လွှတ်လိုက်ရပါ၏။ ပြောမယ်သာပြောတာ ကျွန်တော်လည်းကိုကိုနဲ့နေပြီးနောက်ပိုင်း ဒါကပထမဆုံးခွဲရတာမလား။ ထွက်လာတာတိုးဂိတ်တောင်မရောက်သေးဘူး လူကလွမ်းနေပြီ။

ချမ်း,ကျောပိုးအိတ်လေးပိုက်ကာကားမှန်လေးကိုခေါင်းမှီ၍ကိုကို့အကြောင်းတွေးရင်းဖြင့်သာ ကားခေါ်ဆောင်ရာအတိုင်းလိုက်ပါနေမိသည်။ ထိုစဥ် နဖူးပေါ်ရောက်လာသောလက်ဖဝါးတစ်ဖက်။ချမ်း,အလိုမကျဟန်ဖြင့်ထိုလက်ဖဝါးကိုအသာပုတ်ထုတ်လိုက်မိသည်။

"sorry...ကိုယ်မင်းမျက်နှာမကောင်းတော့ နေမကောင်းဘူးထင်လို့ပါ"

ပြောလာသူက သူ့ထက်၂နှစ်ခန့်ကြီးသောဒေါက်တာရှိုင်းဝဏ္ဏမောင်။ ထိုလူသည်သူနဲ့ဌာနတူစီနီယာဖြစ်ပြီး "ချမ်းဟန်" သို့ရောက်လာတာမကြာသေးပါ။ ပြောပြချက်အရသူ့ထက်နှစ်ရက်စောရောက်ပြီးအလုပ်ဝင်လာသူမှန်းသိရ၏။ ပြီးတော့ သူကcome outလုပ်ထားသူ။ သူ့ဟာသူ come outမကလို့ come inဘဲလုပ်လုပ် ကာမပိုင်လင်ယောက်ျားရှိတာသိသိရက်နဲ့လူကိုဟိုထိဒီထိလာလာလုပ်တာလုံးဝမကြိုက်ပါ။ ချမ်း,အလုပ်စဝင်ပြီဆိုကတည်းကထိုလူကချမ်း,အနားအကြောင်းမရှိအကြောင်းရှာကပ်နေတော့တာပင်။ ယောက်ျားရှိမှန်းသိ၍အကဲစမ်းခြင်းမျိုးလား။ဒီမှာ ချမ်းဟန်ဆိုတဲ့ကောင်ကယောက်ျားယူထားတယ်ဆိုပေမယ့် တွေ့ရာကောင်နဲ့ဖြစ်ချင်နေတာမဟုတ်ဘူး။ အောင်ဘုန်းဟန် ဆိုတဲ့သူ့ယောက်ျားတစ်ယောက်တည်းကိုဘဲဖြစ်နေတာ။ သက်သက်မဲ့ကိုကိုသိရင်ပြဿနာတွေကကြီးဦးမည်။ ကိုလွင်ဦးမောင်ကိစ္စနဲ့ပတ်သက်ပြီးစိတ်ဆိုးတဲ့ညကတည်းက သူနောက်ဆိုဘာအကြောင်းနဲ့မှကိုကိုနဲ့ပြဿနာမဖြစ်ချင်တော့ပါ။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now