Part-16 (U+Z)

36K 3.3K 66
                                    

လောကမှာလူရယ်လို့ဖြစ်လာရင် ကောင်းတာတွေချည်းဘဲကြုံရမယ်လို့မသတ်မှတ်ထားသလို ဆိုးတာတွေချည်းဘဲလည်းကြုံရမယ်လို့ ဘယ်သူမှမသတ်မှတ်ထားပါဘူး။ အကောင်းအဆိုးနှစ်တန်ဒွန်တွဲနေတဲ့လောကကြီးမှာသူ့အလွှာနဲ့သူတော့အရာရာတိုင်းကိုကျော်ဖြတ်နေရတာပါဘဲ။

သားငယ်လေးဆုံးသွားတယ်။ သားငယ်လေးတစ်ယောက်ထပ်ရောက်လာတယ်။ သန္ဓေကောင်းတဲ့သားလေးကတစ်ခါမှစိတ်ဒုက္ခမပေးခဲ့တော့ မွေးစားသားဆိုတာတောင်မေ့တဲ့အထိပါ။ မိသားစုသိုက်သိုက်ဝန်းဝန်းနဲ့ပျော်ပျော်ရွှင်ရွှင်နေခဲ့တာ သားကြီးတစ်သက်ပင်။ မိသားစုကြောင့်စိတ်မညစ်ရပေမယ့်အလုပ်ခွင်မှာတော့ နေလင်းမောင် ဆိုတဲ့လူကြောင့်တစ်ခုမဟုတ်တစ်ခုတော့စိတ်အနှောင့်အယှက်ဖြစ်နေရသည်။ ကိုယ့်အနေနှင့်အနည်းငယ်လှုပ်ရှားလိုက်လျှင်သူ့လုပ်ငန်းတွေကမောက်ကမဖြစ်သွားမှာသိပေမယ့် မကောင်းမှုဆိုပုရွတ်ဆိတ်လေးတောင်မသတ်ချင်သည့်သူ၏စိတ်အစဉ်ကြောင့် ထိုသူသက်သာနေခြင်း။ ယခုလည်း Foreign Companyတစ်ခုနှင့်ပေါင်းပြီးမထိတထိလုပ်နေပြန်သည်။ ဒီလူနဲ့ရေစက် ဒီဘဝဘဲပြီးပါစေတော့လို့သာ ဆုတောင်းမိသည်။

ဦးမြတ်ဟန် Contact listမှအမည်တစ်ခုကိုနှိပ်ကာခေါ်လိုက်သည်။ ဖုန်းဝင်ပြီးမကြာတစ်ဖက်မှပြန်ထူးလာ၏။

("ဟဲလို...အဖေ")

ဦးမြတ်ဟန်ခန္ဓာကိုယ်ကိုအနည်းငယ်မတ်ထိုင်လိုက်ပြီး...

"အေး..သား ပြန်လာနေပြီလား"

("ဟုတ် လာနေပြီအဖေ.. အဖေရောအိမ်ပြန်ရောက်နေပြီလား")

"အေး..အဖေကပြန်ရောက်နေပြီ သားရုံးနားရောက်ရင်တစ်ချက်လှည့်ဝင်ပြီးကိုထွန်းအေးဆီကဖိုင်တစ်ခုယူခဲ့ပေးဦး... သူအခုသားကိုစောင့်နေတယ် ဟုတ်ပြီလား"

("ဟုတ်ကဲ့ အဖေ...")

"အေး အေး ဒါဘဲနော် သား"

အလုပ်ကိစ္စတချို့ကြောင့်သူနှင့်ဦးဝေလင်းရွှေပြည်သာဘက်ရောက်နေရာမှ အပြန်လမ်းတွင်အဖေကဖုန်းဆက်လာခြင်း။

ကျောင်းတက်နေသည့်အချိန်များနှင့်အလုပ်ခွင်ဝင်သည့်အချိန်တို့သည် မတူညီသောရသနှစ်မျိုးကိုပေးစွမ်း၏။ ကျောင်းသားဘဝကိုပေါ့ပေါ့ပါးပါးဖြတ်သန်းရသလောက် အလုပ်ခွင်ဝင်ပြီဟေ့ဆိုတာနှင့် မျက်နှာဖုံးအမျိုးမျိုး စကားလုံးအမျိုးမျိုးကိုခင်းကျင်းနေရသည်မှာအလွန်စိတ်ပင်ပန်းပါသည်။ ဒါတောင်သူဘာတာဝန်မှမယူရသေးပါ။ ယခုမှစတင်သင်ယူနေချိန်တောင်ဒီ့လောက်စိတ်ပင်ပန်းရလျှင် အဖေ့နေရာမှာသာဆို...။မိသားစုနှင့်ဆိုလျှင်တစ်ခါမှအပြုံးမပျက်သည့်အဖေ့ကို အလွန်ဩချမိပါသည်။ ဒါဆိုသူလည်းဘာထူးလဲ။ ချမ်း,ကိုတွေ့တာနဲ့စိတ်ပင်ပန်းတာရော လူပင်ပန်းတာရောဘယ်ဆီလွင့်သွားမှန်းတောင်မသိ။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now