Part - 11 (U+Z)

41.1K 4K 222
                                    

သူတို့စက်ဘီးလေးကျောင်းရှေ့ရောက်တော့ကျောင်းဝင်းကွင်းပြင်မှာလူတော်တော်စုံနေကြပြီ။

ချမ်း,စက်ဘီးပေါ်မှဆင်းလိုက်ပြီး လက်ဖဝါးနှစ်ဖက်ကိုအသာပွတ်လိုက်ကာ...

"ကိုကို ချမ်း စက်ဘီးသွားထားပေးမယ်လေ..."

"နေပါ...ကိုကိုသွားထားလိုက်မယ်...ပြန်ခါနီးကျရင်အတန်းထဲမှာဘဲစောင့်နေနော်..လာခေါ်မယ်..."

"ဟုတ်..."

ပြောပြီးလှည့်ထွက်သွားသူက ခြေလှမ်းအနည်းငယ်အရောက် ပြန်လှည့်ကြည့်လာရင်း..

"ကိုကို..!"

"ဟင်..?"

"အနွေးထည်အိတ်ထဲမှာငါးထောင်ရှိတယ်...မေမေပေးလိုက်တာ..ချမ်း,တို့ကိုမုန့်လိုက်ဝယ်ကျွေးနော်"

ဘုန်းဟန်,အိတ်ထဲလက်နှိုက်ပြီးပြန်ထုတ်ကြည့်လိုက်တော့ တစ်ထောင်တန်အခေါက်လေးပါလာ၏။ ချမ်း,ကတော့သူ့အတန်းစုရပ်သို့လျှောက်သွားနှင့်လေပြီ။ပိုက်ဆံခေါက်လေးကိုင်ထားရင်း လျှောက်သွားသူကိုငေးကြည့်နေတုန်း...ပခုံးပေါ်လက်တစ်ဖက်ရောက်လာပြီး...

"ဟယ်.. ကိုကိုဘုန်းကသဲလေးကိုမုန့်ဝယ်ကျွေးမို့မေမေ့အိတ်ထဲကနှိုက်လာတာလား..."

ဘုန်းဟန်,တံတောင်နှင့်တစ်ချက်တွတ်လိုက်တော့ ဗိုက်ကိုနှိပ်ကာနောက်ဆုတ်သွားပြီး...

"ဟင့်...လုပ်ရက်လိုက်တာ"

"မျက်နှာမရူးစမ်းနဲ့ လင်းထွဋ်ရာ"

ပြောပြီးစက်ဘီးတွန်းသွားလေတော့ လင်းထွဋ်လည်းနောက်မှ ထက်ကြပ်မကွာလိုက်သွား‌လေ၏။

"တစ်ခါတလေမှတွေ့ရတဲ့သူကိုနည်းနည်းပါးပါးကြင်နာပါလားကွာ"

သူတို့အထက်တန်းရောက်သည်နှင့်ဆရာဝန်လုပ်မည်ဆိုသောလင်းထွဋ်က ဇီဝတွဲယူကာသူကတော့ဘောဂတွဲယူခဲ့သည်။ အဖေ့အလုပ်တွေဝင်ကူရမည်ဖြစ်သည့်အတွက် ဘောဂဗေဒဘာသာရပ်ကသာသူ့အတွက်အကောင်းဆုံး အထောက်အပံ့ဖြစ်ပါလိမ့်မည်။ ထိုအခါ အမေကိုချစ်သော၊အားကျသောသားငယ်ဖြစ်သူက အထက်တန်းရောက်လျှင် ဇီဝတွဲယူကာဆရာဝန်ဖြစ်အောင်လုပ်မည်ဟုဆိုလာ၏။

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now