Part-36 (Unicode)

36.4K 2.6K 265
                                    


ရင်ဘက်ပေါ်တအုန်းအုန်းရောက်ရှိလာတဲ့ ရိုက်ချက်တွေကြောင့်ဘုန်းဟန် အလန့်တကြားနိုးလာပြီးငုတ်တုတ်ထထိုင်တော့လက်မောင်းနဲ့ကျောပြင်တွေဆီရောက်လာပြန်တဲ့ရိုက်ချက်လေးများ။

"အဲ့မှာ ကြမ်းတမ်းဦး ကြမ်းတမ်းဦး!!!"

ဖြန်း!!ဖုန်း!! ဖြောင်း ဖြောင်း!!!

ဘုန်းဟန် အကြောင်းရင်းမသိရဘဲအရိုက်သာခံနေရတာကြောင့်ချမ်း,ကိုသာပြူးကြောင်ကြည့်မိနေပြီးလက်ဖြင့်ကာလို့ရလိုရငြားကာကြည့်နေရင်းက...

"ချမ်း...နေဦးလေ...အာ့းး ဘာဖြစ်တာလဲပြောဦးလေ"

"ကွဲပြဲကုန်ပြီ ကွဲပြဲကုန်ပြီ !!! ကဲဟာ...အသေလုပ်ဦး!!!"

ဗြောင်း!!! ဖုန်း ဖုန်း!!

"နေပါဦး...နေပါဦးလို့ ချမ်းလေးရဲ့!! ဘာဖြစ်တာလဲပြောဦးလေကွာ..တောက်လျှောက်ရိုက်နေရင်လက်တွေနာမှာပေါ့"

မိမိအားရိုက်နှက်နေသည့်လက်အစုံအားဖမ်းဆွဲပြီးလက်ကောက်ဝတ်မှကိုင်လိုက်ကာမေးလိုက်ခြင်း။ထိုအခါချမ်းက

"ဘာဖြစ်တာလဲ ဟုတ်လား..ဒီမှာကျုပ် ဖ...အင်းဟင်း"

ထွက်လုဆဲဆဲစကားလုံးအားပြန်မြိုချလိုက်ပြီး...အရှေ့မှလူကိုသာမှုန်ကုပ်ပြီးကြည့်နေလိုက်သည်။ ထိုအခါ ကိုကိုကအဖြေရှာသလိုစူးစမ်းကြည့်နေရင်းမှတစ်နေရာအရောက် ရိုက်ခံရသည့်အကြောင်းအရင်းအားသိလိုက်ရပြီးသကာလ...

"ဟင်!!!  ချမ်းရယ်~~~"

အာမေဍိတ်သံနှင့်အတူမချိတင်ကဲရေရွတ်သံအဆုံးမှာတော့ ကိုကိုကကျွန်တော့်ကိုရင်ခွင်ထဲဆွဲသွင်းပါတော့၏။ဆက်ထုရိုက်ဖို့အားမရှိတော့တဲ့ကျွန်တော်လည်းကိုကို့ရင်ခွင်ထဲမှာသာပျော့တွဲစွာမှီလိုက်ပြီး သွေးထွက်ရသည်အထိဖြစ်သွားသောထိန်းမနိုင်သိမ်းမနိုင်မှုများကိုသာပြန်တွေးရင်းရှက်ရွံ့နေမိပါတော့သည်။ကိုကို့ဆီးခုံနားတစ်ဝိုက်မိမိဆီမှပေကျံသွားဖွယ်ရှိသောသွေးကွက်များကိုလည်း ချမ်း,အောက်ငုံ့နေသောမျက်ဝန်းအစုံဖြင့်မြင်တွေ့လိုက်ရပါ၏။

"ကိုကိုတောင်းပန်ပါတယ် ချမ်းရယ်...ကိုကိုစိတ်လွတ်သွားတယ်ဆေးခန်းသွားကြမလားဟင်"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now