Part - 14 (U+Z)

39.6K 3.2K 301
                                    

"ပိတောက်တွေပွင့်ပြီဗျို့!!!"

ကိုကြီးဝင်းနိုင်၏အသံစူးစူးကြောင့် သူ့မျက်လုံးတွေဖျတ်ခနဲပွင့်လာ၏။ တစ်ဆက်တည်းမှာဘဲသူ့အခန်းခေါင်းရင်မျက်စောင်းထိုးရှိအပင်မှရနံ့အချို့ကို မနက်ခင်းလေပြေက သူ့နှာခေါင်းဝထံဆောင်ယူလာ၏။ နှာခေါင်းဝထံရောက်လာသည့်တစ်နှစ်မှတစ်ခါသာရနိုင်သည့်အနံ့ကိုအသာအယာရှူရှိုက်ရင်း မျက်လုံးများမှေးစင်းသွားပြန်သည်။

သင်္ကြန်ကျပြီဘဲ...။

ဖွားမှုံကပြောတယ်.. သူဒီအိမ်ကိုစရောက်တဲ့နေ့ကအဝါဝမ်းဆက်လေးနဲ့တဲ့...နောက်နေ့ကျတော့ ကိုကိုကဘာစိတ်ကူးပေါက်လဲမသိဘဲ... ဖေဖေ့ကိုသုံးနှစ်သားပိတောက်ပင်တစ်ပင်ရှာဝယ်ခိုင်းတယ်တဲ့..ပိတောက်ပင်လည်းရောက်လာရော ၇နှစ်အရွယ်ကောင်လေးက ဂေါ်ပြားသေးသေးလေးနဲ့အပင်စိုက်ဖို့မြေတွေထိုင်တူးနေတာတဲ့ဗျ။ ဘယ်သူတူးပေးတာမှလက်မခံဘူးတဲ့လေ။

အင်း...ကျွန်တော့်အသက်အခုဆို ၁၅နှစ်ဆိုတော့ ပိတောက်ပင်လေးလည်း ၁၅နှစ်ရှိပြီပေါ့... ။ကိုကို့ကိုဘာလို့စိုက်တာလဲလို့တစ်ခါမေးဖူးတယ်။အဝါဝမ်းဆက်နဲ့သူ့ဆီရောက်လာတဲ့ကျွန်တော့်ကိုအဝါရောင်ပန်းနဲ့သက်သေတည်ဖို့တဲ့လေ။ ဘာတွေပြောနေလဲကျွန်တော်နားမလည်ဘူးဗျ..။ ကိုကိုကျေနပ်ရင်ပြီးတာပါဘဲ။

တစ်နှစ်မှာတစ်လ တစ်လမှာတစ်ရက် နွေခေါင်ခေါင်မှာမိုးလေးတစ်ပြိုက်နှစ်ပြိုက်ရွာလိုက်တာနဲ့ နိုးထလာတဲ့ပိတောက်တွေရဲ့အမည်ခွဲနောက်တစ်ခုက သစ္စာတဲ့...။ ချမ်း,တစ်ယောက်သိပါလေစ။ သစ္စာတရားတွေကိုအခြေတည်ပြီးစပ်ထားတဲ့အရောင်တွေနဲ့ ပုံဖော်ခြယ်သထားတဲ့ ချစ်ခြင်းတရားဆိုတဲ့ပန်းချီကားကိုတစ်စုံတစ်ယောက်က 'ပိတောက်ပန်း'လို့ အမည်ဝှက်ပေးထားတယ်ဆိုရင်ရော ချမ်း, ကိုကိုကျေနပ်ရင်ပြီးတာပါဘဲလို့အသိအမှတ်ပြုမှာလား...။

ညကတော်တော်နောက်ကျတဲ့အထိ လိမ္မော်သီးထဲခေါင်းစိုက်နေ၍ ၂နာရီထိုးမှအိပ်ဖြစ်သည်။ မထချင်သေးပါ။ စောင်းထားတဲ့ခေါင်းကိုတစ်ဖက်ပြန်လှည့်လိုက်တော့ စာကြည့်စားပွဲရှိပန်းအိုးတစ်အိုးနှင့်စောင့်နေတဲ့မြင်ကွင်းက မထချင်တဲ့သူကိုချက်ချင်းငုတ်တုတ်ထထိုင်မိစေသည်အထိ ဝါတောက်နေ၏။ထိုအဝါရောင်တွေနားအမြန်သွားကြည့်တော့ အဝါရောင်ပိုစ့်စကတ်နဲ့အနက်ရောင်လက်ရေးတွေက စောင့်ကြိုနေသည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Donde viven las historias. Descúbrelo ahora