Part-43(U+Z)

27.1K 2K 420
                                    


မိုးအကုန်ဆောင်းအကူးမြောက်လေမြူးတဲ့တစ်နေ့မှာ အေးစိမ့်စိမ့်ဖြစ်လာတဲ့ရာသီဥတုက ကော်ဖီလေးတစ်ခွက်နဲ့စာအုပ်လေးတစ်အုပ်ဖတ်ဖို့အကောင်းဆုံးအခါသမယလေးဖြစ်နေခဲ့တယ်။

နားရက်လည်းဖြစ်အိမ်မှာ မာမားနဲ့သူနှစ်ယောက်တည်းကျန်ခဲ့တာလည်းဖြစ်တာကြောင့်ဒီရက်ပိုင်းတွေဟာ လင်းထွဋ်အတွက်ချိုမြိန်တဲ့နေ့ရက်တွေပါဘဲ။ အစ်ကိုလင်မယားနဲ့သူတို့ကလေး,လေးယောက်ကဟိုဖက်အဖိုးအဖွားတွေရှိတဲ့တောင်ငူမြို့ဆီအလည်အပတ်သွားနေကြတဲ့အတွက် လင်းထွဋ်လည်းနားရက်တွင်တူ,တူမထိန်းခြင်းဆိုတဲ့အရှုပ်ထုပ်မှလွတ်လပ်ခွင့်အပြည့်အဝရနေ၏။ အိမ်ထောင်သက် ၇နှစ်အတွင်းမှာ ၅နှစ်အရွယ်အကြီးဆုံးသားရယ်,၃နှစ်အရွယ်အမြွှာနှစ်ကောင်ရယ်,၁နှစ်အရွယ်အငယ်ဆုံးမိန်းကလေးရယ် စုစုပေါင်းလေးယောက်မွေးထားတဲ့ရှင်မွေးလွန်းအတွဲရဲ့စကေးကိုလည်းဩချရပါသည်။ ပုံမှန်နေ့တွေဆို အကောင်ပေါက်လေးယောက်ရဲ့ဗြောင်းသတ်မှုတွေနဲ့ပွက်လောရိုက်နေတဲ့အိမ်ဟာအခုလိုကျတော့လည်း ဓမ္မရိပ်သာကြီးအလား။

မား,လည်း Hospital Ship ဆိုသည့်ကိုရီးယားကားနဲ့ငြိမ့်နေလေပြီ။လင်းထွဋ်လည်းစာအုပ်တစ်အုပ်ကိုချိုင်းကြားညှပ် လက်တစ်ဖက်ကကော်ဖီခွက်ကိုင် တစ်ဖက်ကဒရင်းဘတ်ကိုမပြီးခြံထဲဆင်းလာခဲ့တော့၏။

"မား, သားခြံထဲမှာရှိမယ်နော်...စာဖတ်မလို့"

"အေး အေး...မားအော်ကွေ့ကြော်ပေးရဦးမလား"

တီဗွီအကြည့်မပျက်ပြောလာခြင်း။ တရုတ်စပ်သောမားကသူ့ပိတ်ရက်တွေဆိုလျှင်ရိုးရာမုန့်တစ်ခုမဟုတ်တစ်ခုလုပ်ကျွေးနေကျပင်။

"တော်ပြီ မား,သားကော်ဖီသောက်မလို့"

မား,ကိုပြောပြီးနောက် သရက်ပင်တွေခရေပင်တွေနဲ့ခပ်အုပ်အုပ်ဖြစ်နေတဲ့ခြံထဲသို့ဆင်းလာခဲ့ပါ၏။ မြက်ခင်းပေါ်ဒရင်းဘတ်ခင်းလိုက်ပြီး ကော်ဖီခွက်အားသစ်မြစ်စားပွဲပုလေးပေါ်တင်ပြီးချိန်မှာတော့ခပ်သာသာတစ်ချက်ဝှေ့တိုက်လိုက်တဲ့လေမှာ စာရွက်လန်သံလေးတွေတဖျပ်ဖျပ်ထွက်ပေါ်လာခဲ့သည်။

ဘုန်းပြည့်ချမ်းဟန် (Complete)Tempat cerita menjadi hidup. Temukan sekarang