Part-15 (U+Z)

38.4K 3.3K 726
                                    

"အား...!!!"

မြတ်စွာဘုရား !! မှန်ထဲကလူကငါမှဟုတ်ရဲ့လား...ဘယ်လိုဖြစ်လို့ ငါ့ခေါင်းကပြောင်ပြောင်ပြောင်ပြောင်နဲ့... အနာကြောင့်ဆံပင်တွေအုံလိုက်ကျွတ်သွားတာလား....အမလေး...ကိုကိုကယ်ပါ...။

"ကိုကိုရေ..လုပ်ပါဦးဗျာ!!!"

ချမ်း,သူ့ခေါင်းကိုအုပ်ကိုင်ပြီး တစ်ဖက်ခန်းမှကိုကို့ဆီအလောတကြီးပြေးလေတော့၏။ချမ်း..ကိုကို့အခန်းတံခါးကိုတွန်းဖွင့်ရန်လက်အလှမ်း...သူ့အသံကြား၍ထင် အခန်းတံခါးဆွဲဖွင့်ပြီးထွက်လာသောကိုကိုနှင့်အခန်းဝတွင်မျက်နှာချင်းဆိုင်ဆုံမိသောအခါ ချမ်း,၏မျက်လုံးအစုံအဆမတန်ပြူးကျယ်လာပြီး သူ့ရှေ့မှလူကိုလက်ညှိုးကြီးထိုးကာ...

"မေ..မေမေ...မေမေရေ!!!"

အော်ပြီးလှည့်ပြေးပြန်သည့် ကတုံးလေးနောက်...ကိုကိုလည်းခပ်သွက်သွက်လိုက်ရလေတော့သည်။

"ချမ်း...ချမ်း..နေဦး... မပြေးနဲ့ချော်လဲမယ်..ချမ်း!"

အပေါ်ထပ်မှအော်သံတွေရော ဝရုန်းသုန်းကားပြေးလာသံတွေရောကြောင့် အောက်ထပ်မှအလှူအတွက်ပြင်ဆင်နေသည့်မိသားစုများလှေကားနားသို့စုပြုံရောက်ရှိလာကြတော့သည်။ သူတို့လည်းလှေကားနားအရောက် အပေါ်မှပြေးဆင်းလာသည့်အဖြူရော
င်လေးကိုမြင်လိုက်သည်နှင့်...

"ဟယ် ! သားငယ်"

ဒေါ်မေသူအောင်ရင်ဘက်ကိုလက်ဖြင့်ဖိကာအာမေဍိတ်သံပြုမိတော့...

"သားငယ် ဘယ်လိုဖြစ်......"

"ဟယ်တော့ ဟိုမှာနောက်တစ်တုံး"

ဦးမြတ်ဟန်စကားမဆုံးသေး လှေကားအလယ်ကိုလက်ညှိုးညွှန်၍ဖြတ်ပြောလာသော ဇာခြည့်စကားသံကြောင့် လှည့်ကြည့်လိုက်ကြပြီးထပ်မြင်လိုက်ရသည့်မြင်ကွင်းကြောင့် မှင်သက်သွားကြတော့သည်။

ဇာခြည်လည်း မနေ့ညကကိုလေးဘုန်းအခန်းမှပြန်လာပြီးသက်ပြင်းတစ်ချချခေါင်းတစ်ခါခါဖြစ်နေသည့်ခင်ပွန်းဖြစ်သူ၏ အဖြစ်ကိုယခုမှဘဲသဘောပေါက်လာရသလိုလို...။

"မေမေ...မေမေ သားခေါင်းကိုကြည့်ပါဦး ဆံပင်တွေမရှိတော့ဘူး...ကိုကို ကိုကို့ခေါင်းရောဘဲ မေမေရေ..လုပ်ပါဦး..!"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now