Part-59 (U+Z)

25.8K 1.8K 282
                                    

ကျွန်တော်ရေမိုးချိုးပြီးထွက်လာတော့ ကိုကိုကကုတင်ခေါင်းရင်းကိုမှီထိုင်ပြီးရေလဲပုဆိုးတစ်ထည်တည်းဝတ်ထားတဲ့ကျွန်တော့်ကို ပြုံးပြီးလိုက်ကြည့်နေလေရဲ့။

ချမ်း,ကိုကို့နားသွားပြီး လက်မှာတင်ကျန်နေတဲ့ရေတချို့ကို ကိုကို့မျက်နှာဆီတောက်ပြီးကလူလေတော့ တခစ်ခစ်ရယ်ရင်းနဲ့ကျွန်တော့်ကိုသူ့ရင်ခွင်ထဲဆွဲချပါ၏။ ခန္ဓာအပေါ်ပိုင်းမှရေတချို့ကိုကို့လူနာအင်္ကျီတွင်ရွှဲစိုသွားလေသည်။

"ကိုကို လွှတ်ဦး အင်္ကျီတွေစိုကုန်ပြီ"

"အင်း...ချမ်း,ကိုယ်လေးကအေးနေတာဘဲ"

"ရေချိုးထားတာဘဲ အေးမှာပေါ့...ကဲ လွှတ်ပါ"

"ဟင့်အင်း ဒီတိုင်းလေးဖက်ထားပါရစေဦး လွမ်းလို့ပါ"

"ကိုကိုကအခုမှနာလန်ထခါစဆိုတော့အားမရှိလောက်သေးဘူးလေ...ကိုကိုမောမှာစိုးလို့ပါ"

"ဖက်ထားရုံလောက်နဲ့တော့မမောပါဘူး ချမ်း,ရယ်...တခြားကိစ္စဆိုရင်တော့တမျိုးပေါ့"

နောက်ဆုံးစကားကိုတမင်သက်သက်အသံနှိမ့်ပြီးသူ့နားရွက်နားကပ်ပြောလာတာကြောင့် ချမ်း,အောက်နှုတ်ခမ်းကိုကိုက်ပြီးမျက်မှောင်ကျုံ့ကြည့်လိုက်သည်။ နိုးလာတာနဲ့ဒီကိစ္စကခေါင်းထဲတန်းရောက်တာဘဲ။ အေးပေါ့ မဟုတ်ရင်ဦးအောင်ဘုန်းဟန်ဘယ်ဟုတ်ပါတော့မလဲ။

"ဟော...နှုတ်ခမ်းကြီးမကိုက်နဲ့လေကွာ နာကုန်တော့မှာဘဲ အင့် အင့် ကိုကို့နှုတ်ခမ်းကိုကိုက်"

နှုတ်ခမ်းကိုအရှေ့စူထော်ပြီးထိုးပေးလာတာကြောင့် ကျွန်တော်လည်းခပ်ဆတ်ဆတ်ကိုက်ချပေးလိုက်သည်။ ကိုက်ပြီးမှ ကိုကိုကလူမမာဖြစ်နေသေးမှန်းသတိဝင်လာပြီးပြူးပြူးပျာပျာဖြင့်...

"ဟင် ကိုကိုဆောရီး ဆောရီး နာသွားပြီလား ပြဦး"

ကိုကို့နှုတ်ခမ်းကိုပွတ်ကိုင်ကြည့်လေတော့ ကိုကိုကသူ့နှုတ်ခမ်းတွေကိုမျက်လုံးမှေးကြည့်လာပြီးဆွဲစုပ်ယူပါတော့သည်။

"အွန်းး... ဟမ်းး"

ပြွတ်...ပြွတ်..ပြပ်...

"အမ်းဟမ်းးးး"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now