Part-28(Unicode)

36.8K 2.6K 560
                                    

ပြေးတယ်... မရပ်မနားကိုပြေးနေတယ်... အသက်လုရှုသံတွေကသူ့ခေါင်းပေါ်မှာ... အပြင်းအထန်ပြေးနေရလို့မောဟိုက်နေတဲ့ခံစားချက်ကို သူမခံစားရဘူး။ဒါဆို... ဘာလို့သူကပြေးတဲ့အသိကိုခံစားနေရတာလဲ။ ဘာလို့ဆိုတော့... ပြေးတဲ့သူကသူ့ကိုချီထားလို့လေ..
သူ မော့ကြည့်လိုက်တော့ မြင်လိုက်ရတဲ့မျက်နှာကတစ်ခါမှမတွေ့ဖူးတဲ့မျက်နှာ... ဒါပေမယ့်သူဘာလို့အဲ့ဒီမျက်နှာပိုင်ရှင်အပေါ် နွေးနွေးထွေးထွေးခံစားနေရတာလဲ... ပြီးတော့ ပြီးတော့... အဲ့ဒီမျက်နှာရှင်အမျိုးသမီးက ဘာလို့သူနဲ့ထပ်တူမှဲ့မျိုးပိုင်ဆိုင်နေရ
တာလဲ..... ရုတ်တရက် အေးခနဲခံစားချက်နဲ့အတူ...လေပေါ်ကိုသူမြောက်သွားတယ်... ဖျစ်ညှစ်ကိုင်ခံထားရတဲ့ခါး... ကြောက်စရာရယ်သံကြီးတစ်ခု...သူငိုလိုက်တယ်... သူ့နှုတ်ကဘာလို့ကလေးငိုသံလိုထွက်နေရတာလဲ... မွန်းကျပ်လိုက်တာ... ပြီးတော့ သူအပေါ်ကိုပစ်မြှောက်ခံလိုက်ရတယ်... ။

သေပြီလို့ထင်ထားတဲ့ပြန်အကျမှာ...သန်မာတဲ့လက်တစ်စုံက သူ့ကိုညင်ညင်သာသာလေးဖမ်းပွေ့လိုက်ချိန်မှာ..နားထဲပဲ့တင်ထပ်နေတဲ့စကားသံတွေကိုကြားလိုက်ရပြန်တယ်။

(ငါးနွေးနွေးလေးတွေရှိတယ်... ကိုကို့အိမ်လိုက်ခဲ့...ဘုန်းပြည့်ချမ်းဟန်... မင်းနာမည်ဘဲ... ကိုယ် မင်းကိုချစ်တယ်... ချမ်း~~~)

ဆီးပွေ့ပေးထားတဲ့သူက သူ့ကိုနူးနူးညံ့ညံ့အမွှေးပွလေးတွေရှိတဲ့အခင်းတစ်ခုပေါ်ထိုင်စေတယ်... သူသန်မာတဲ့လက်ပိုင်ရှင်ကိုမော့ကြည့်လိုက်တော့ ထိုသူဟာကိုကိုဖြစ်နေခဲ့တယ်။  သူကြည့်နေတုန်းမှာဘဲ ကြည့်နေရင်း ကြည့်နေရင်း..ကိုကိုကအမှောင်ရိပ်ထဲတိုးဝင်မှေးမှိန်ပျောက်ကွယ်သွားတာ သူ့ကိုပြုံးပြရင်းနဲ့ပေါ့။

ချမ်း,ချွေးတွေချွဲနစ်နေပြီ။ ခေါင်းတွေဘယ်ပြန်ညာပြန်ခါရင်တားမြစ်နေမိတယ်။ မသွားရဘူး ဟင့်အင်းမသွားရဘူး။ ညတွေရဲ့သူငယ်ချင်းဖြစ်တဲ့အိပ်မက်ကမ္ဘာထဲသူ့ရဲ့မသိစိတ်ပါသွားတဲ့နာမ်ကလွင့်မျောနေတုန်း... အသိစိတ်ကဖမ်းထိန်းလိုက်ချိန်မှာတော့...

"ကိုကို!!!!!!!!"

ထထိုင်မိလျက်သားနိုးထလာတော့ ကွက်တိကျစွာပေါ်ထွက်လာတဲ့... မက်ဆေ့ချ်ဝင်လာသံ

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now