Part-27(U+Z)

33.7K 2.8K 454
                                    

မိမိအကောင့်ထဲသိုဝင်ရောက်လာသော သုညပေါင်းများစွာအားအတောမသတ်နိုင်သည့် အပြုံးဖြင့် Screen အားစူးစိုက်ကြည့်နေချိန် ...ရုတ်တရက်ပွင့်သွားသောရုံးခန်းတံခါးနှင့်အတူ မြင်လိုက်ရသောအေးစက်စက်မျက်နှာတစ်ခုကြောင့် ဦးဖြိုးဇေယျလန့်သွားရကာ laptopကိုကပျာကယာပိတ်လိုက်ရ၏။လာလေ့မရှိသောဧည့်သည်ကြောင့် ဦးဖြိုးဇေယျအံ့ဩသွားရသော်လည်း ဟန်လုပ်ပြုံးကာထိုင်ရာမှထပြီးထိုသူနားလျှောက်သွားချိန်မှာတော့...

"ဘာကိစ္စများရှိလို့ CEOကိုယ်တိုင်........."

အဖေ့ကိုကြည့်သောမလေးမစားအကြည့်များ သူ့ကိုကြည့်သောမြေခွေးလိုမျက်လုံးများသည် ဘုန်းဟန်,၏အာရုံထဲတစ်ကွက်ချင်းပြန်ပေါ်လာချိန်မှာတော့ နက်ပြာရောင်pantsထဲလက်ထည့်၍ခြေစုံရပ်နေသောCEO၏ခြေထောက်တစ်ဖက်သည်မြောက်တက်လာပြီး ထိုခြေတံရှည်ကဖြိုးဇေယျ၏ ရင်ဝထံသို့။ဖြိုးဇေယျစကားပင်မဆုံးလိုက်ပါ။

ဖုန်း!!!!!

အရှိန်အားတစ်ခုပါတာကြောင့်ဖြိုးဇေယျလာရာလမ်းအတိုင်းနောက်ပြန်ဆုတ်၍လွင့်ကျသွားလေ၏။ တစ်ဆက်တည်းမှာဘဲဦးဝေလင်းကတံခါးလော့ခ်ချလိုက်သောအခါ CEOကရင်ဘက်ဖိ၍ချောင်းတဟွတ်ဟွတ်ဆိုးနေသူနားကပ်သွားပြီး..ကြမ်းပြင်ပေါ်မှလူကိုမျက်လုံးအောက်စိုက်ကြည့်လိုက်ကာ...

"အာ...ခင်ဗျားကကျွန်တော့်ထက်အသက်ကြီးတာဘဲ...ကန်တော့နော်...သောက်ဆင့်မရှိတဲ့ကောင်"

ကန်လည်းကန်ခံရဆဲရေးလည်းခံရတဲ့အတွက် ဖြိုးဇေယျမျက်နှာကြီးနီမြန်းလာပြီးဒေါသတွေထွက်လာရသော်လည်းမည်သည့်တုံ့ပြန်မှုမှမပြုနိုင်ဘဲ အောက်ဆီဂျင်ပြတ်မသွားဖို့သာအသက်လုရှုနေရ၏။

ဘုန်းဟန်,ဆိုဖာပေါ်တွင်သွားထိုင်ပြီးခြေထောက်နှစ်ချောင်းကိုစားပွဲပေါ်ယှက်တင်ထားရင်း ထိုသူအားခပ်ပြုံးပြုံးဘဲကြည့်နေလိုက်သည်။ ခေတ္တအကြာထိုသူထံမှစကားသံထွက်လာ၏။

"မင်း..မင်း...ဒါဘာသဘော..."

ဘုန်းဟန် မျက်နှာကိုရှုံ့မဲ့ပစ်လိုက်ပြီး....

"ဟင်း.....စကားတွေမပြောနဲ့...နားငြီးလွန်းလို့....ညိုချောပြလိုက်ကွာ"

ဘုန်းပြည့်ချမ်းဟန် (Complete)Where stories live. Discover now