Part-42 နှောင်ကြိုး 🕸️💎(U+Z)

31.6K 2K 537
                                    

"ဘုန်းပြည့် !!! အဲ့စောင်အနီကြီးလွှတ်ချ !!!"

လင်းထွဋ် အော်လည်းအော်,ပြေးလည်းလိုက်နေရတာမို့ လူကအတော်ဟိုက်နေပြီ။ အနီမြင်ရင်ဒေါသကြီးတတ်သောကျွဲတို့အကြောင်းမသိသည့်အလား စောင်အနီကြီးပတ်ပြီးပြေးနေသောအတွဲကိုသာပြေးပြီးဆောင့်ကန်ပစ်လိုက်ချင်တော့သည်။

ချမ်း,ကိုကို့ကိုသာမြဲမြံနေအောင်ကုပ်တွယ်ထားရင်း စီနီယာ့စကားကိုခေါင်းတွင်တွင်ခါယမ်းပြီးအသံတိတ်ငြင်းဆိုနေ၏။

(ဟင့်အင်း ဟင့်အင်း!! လွှတ်ချဘူး လွှတ်ချဘူး!! အရှက်ကွဲမှာစီနီယာရဲ့!!!)

ကိုကိုကတော့သူ့ခါးနဲ့ခေါင်းကိုတင်းတင်းထိန်းကိုင်ပြီးပြေးနေဆဲ။တစ်ဆိတ်...ကျွန်တော့်ကိုကိုပြေးနေတဲ့ပုံစံကိုအရှေ့ကနေလာမကြည့်ကြနဲ့ဗျာ။ ကိုကို့အစားရှက်လို့ပါ။ ပြေးနေတဲ့သူကဘယ်လိုနေမလဲတော့မသိ ချမ်း,တော့သူ့အစားတော်တော်မောနေပြီ။အကူအညီဖြစ်လိုဖြစ်ငြား....မျက်လုံးကြီးပြူးပြီးထိုကျွဲအားစိုက်ကြည့်ကာ....

"သော ဘဂဝါ ဣတိပိ အရဟံ, အရဟံ ဝတ သော ဘဂဝါ, အရဟံတံ သရဏံ ဂစ္ဆာမိ!!!!! အရဟံတံ သိရသာ နမာမိ..!!!"

ညွံ့ .... အွံ့ ......

"အားးး !!! မလာနဲ့တော့ !!! ‌သောက်ကျွဲရဲ့......!!! ဟေတုပစ္စယော..ယသာနုဘာဝတော ယက္ခာ!!!! ကိုကို !!!! ငါငိုချင်လာပြီ...အစ်အစ်အီးးးဟီးးးဟီးးး!!"

ရုတ်တရက်တိုးဖက်လာပြီးငိုချလိုက်သောကောင်လေးကြောင့် ဘုန်းဟန် ထူပူသွားရကာအရှိန်ပိုတင်ပြီးပြေးလေတော့၏။အသက်ရှုသံတရှူးရှူးနဲ့အံကြိတ်ထားတဲ့မေးရိုးတွေကတစ်ယောက်ယောက်ကိုသတ်ပစ်ချင်နေသည့်အလား။

"ကွေ့ပြီးပြေး ကွေ့ပြီးပြေး!!!"

"ဖိုးလုံးရေ!!! ဒီကိုကြည့်ဦးဟ!!"

လူဖိုးလုံးသည် ကြိုးကွင်းပစ်ဖမ်းရန်မြင်ကွင်းကောင်းစောင့်ပါသော်လည်းငြိမ်နေခြင်းမရှိသည့်ပစ်မှတ်ကချိိန်ဆလို့မရအောင်ဆိုးသွမ်းနေပါ၏။

"ငါ  ိုး မ ကျွဲ!!!"   ထွက်လာသည့်အသံကဟိန်းခနဲ။

ရုတ်တရက်ဆဲဆိုသံထွက်လာသည်က ဒေါက်တာလင်းထွဋ်ထံမှ။ စောင်နီနီနောက်သည်းကြီးမည်းကြီးလိုက်နေတဲ့ ကျွဲဖိုးလုံးတုံ့ခနဲရပ်သွားကာ နှာတရှူးရှူးမှုတ်လျက်နောက်လှည့်ကြည့်လာရင်း....

ဘုန်းပြည့်ချမ်းဟန် (Complete)Onde histórias criam vida. Descubra agora