Part-53 🥧💧(U+Z)

26.4K 1.9K 288
                                    

lift မှထွက်ထွက်ချင်းကားပါကင်ကြေးဆောင်ပြီးနောက် ဘုန်းဟန် လက်မှနာရီအားကြည့်လိုက်တော့ ညနေ ၄နာရီ ၃၀ မိနစ်။ ထို့နောက် Cheesecakeဘူးထည့်ထားတဲ့အိတ်လေးကိုတင်းတင်းကိုင်ပြီးကားဆီထွက်လာပါ၏။ ကြင်သူမှာတဲ့မုန့်လေးတွေဝယ်ပြီးအိမ်ပြန်ရတာလည်းစိတ်ချမ်းသာမှုတစ်မျိုးဘဲဗျ။ ကိုယ့်ကိုယုံကြည်အားကိုးတဲ့ခံစားချက်လည်းခံစားရသလိုဘဲ။ ကိုယ့်အတွေးနဲ့ကိုပြုံးပြုံးပြုံးပြုံးနဲ့လျှောက်လာသူကို တစ်နေအရောက် ဦးထုပ်ငိုက်ငိုက်ဆောင်းထားတဲ့တစ်ယောက်ကဝင်တိုက်လာခဲ့သည်။ ဖြတ်တိုက်တာမဟုတ်ဘဲတည့်တည့်ဝင်တိုက်တာမို့ ဘုန်းဟန်,လည်မထွက်သွားသော်လည်းအောင့်သက်သက်တော့ခံစားလိုက်ရသည်။

ထို့နောက် ထိုလူကမည်သည့်တောင်းပန်စကားမှမဆိုဘဲ သူ့အားရှောင်ကွင်းသွားလေတော့ ဘုန်းဟန်,စိတ်ထဲဘဝင်မကျလှသော်လည်းအရှည်အရှည်ဖြစ်နေမှာစိုးသဖြင့် ဒီတိုင်းသာလှည့်ထွက်ခဲ့ပါ၏။

သူခြေလှမ်းနှစ်လှမ်းမျှလှမ်းလိုက်တဲ့အခါ ဝမ်းဗိုက်တစ်နေရာကစူးခနဲနာကျင်မှုနဲ့အတူပြင်ပလေများအလုံးအရင်းတိုးဝင်လာသကဲ့သို့ခံစားလိုက်ရတာကြောင့် ဘုန်းဟန်,စိတ်ထဲလေအောင့်သည်ဟုထင်မှတ်သဖြင့် ထိုဝမ်းဗိုက်နေရာအားအုပ်ကိုင်ကာညည်းညူသံတစ်ချက်ပြုရင်းအရှေ့သို့ငိုက်ကျသွားခဲ့ပါ၏။

"အား !! " 

လေအောင့်သည်အထင်ဖြင့်အုပ်ကိုင်ထားသောလက်မှစိုရွှဲရွှဲအသိကိုပါခံစားလာရတာကြောင့်ထိုလက်ကိုခွါပြီးအကြည့်ပို့လိုက်ရာ ချင်းချင်းနီသောသွေးများပေပွနေသောလက်ဖဝါးကသူ့အမြင်အားဆီးကြို၏။ သူအံ့ဩလွန်းလို့ထိုလက်ဖဝါးကိုဆယ်စက္ကန့်မျှပါးစပ်အဟောင်းသားဖြင့်စိုက်ကြည့်နေမိသည်။

(သွေး..သွေးကဘာလို့ !!?? )

ထို့နောက် လူကတဖြည်းဖြည်းဟိုက်လာတာမို့ ဘုန်းဟန်,သွေးထွက်နေသည့်နေရာအားဖိထားလိုက်ပြီးရှုံ့မဲ့ညည်းညူမိလိုက်သည်။ ဖျတ်ခနဲလက်သွားသည့်မျက်လုံးအရောင်က တစ်စုံတစ်ခုကိုသဘောပေါက်လိုက်ပြီဖြစ်ရာ ... နောက်သို့လှည့်အကြည့် တွေ့လိုက်ရသည်က နှုတ်ခမ်းတစ်ဖက်တွန့်ကွေးပြီးကြည့်နေသည့် လွင်ဦးမောင်အားတွေ့လိုက်ရပါ၏။ သူလည်းလှည့်အကြည့် လွင်ဦးမောင်က လက်ညှိုးကင်းမဲ့နေသောလက်ဝါးတစ်ဖက်ထောင်ပြလာပြီးနောက် လက်ခလယ်မှလွဲ၍ကျန်သောလက်ချောင်းများအားစုကွေးကာဆဲရေးမှုပြုလာ၏။ လွင်ဦးမောင်ရဲ့နောက်လက်တစ်ဖက်ထဲမှာကိုင်ထားတာကတော့ သွေးများတစ်တောက်တောက်စီးကျနေသော အသွားခြောက်လက်မခန့်ရှိသည့်ဓားမြှောင်တစ်ချောင်း။ ရှေ့တည့်တည့်မှဝင်တိုက်ပြီးဝမ်းဗိုက်အားဓားဖြင့်ထိုးသွားခြင်းပင်။

ဘုန်းပြည့်ချမ်းဟန် (Complete)Kde žijí příběhy. Začni objevovat