Chapter 2 🐣

3.5K 283 26
                                    

ရင်ခုန်သံပုစိကွေး

Chapter 2 🐣


အရပ်ရှည်ရှည်ရုပ်ချောချောနဲ့ ခန္ဓာကိုယ်အချိုးအစားကြည့်ကောင်းလွန်းတဲ့ ကောင်လေးတစ်ယောက်၊ တွေ့ဖူးနေကျပုံစံမဟုတ်တာမို့ ဖြတ်သွားဖြတ်လာလူတွေက ငေးလို့၊

တခြားကလေးတွေကိုလာကြိုတဲ့ အုပ်ထိန်းသူတွေကလည်း စပ်စပ်စုစု၊
ဟိုလူကြည့်ဒီလူကြည့်နဲ့မို့ မနေတတ်စွာကျောင်းထဲ ခေါင်းစောင်းကြည့်မိတော့ ဆရာမလို့ထင်ရတဲ့တစ်စုံတစ်ယောက်ထွက်လာပေး၏။

"ဘယ်သူ့ကိုလာကြိုတာလဲရှင့်"

"ပုစိကွေး ပါ"

"ရှင်?"

ထိုအာမေဋိတ်အသံကြောင့် Jungkook မှာအလန့်တကြား ..သူဘာမှားသွားပြီလဲလို့ အထိတ်တလန့်။
ဒီနိုင်ငံနဲ့၄နှစ်လောက်သာခွဲဖူးတာမို့ ဒီကယဥ်ကျေးမှုတွေကိုမသိတာမျိုးမရှိ။

ချက်ချင်းဆိုသလို မျက်နှာကိုပြန်ပြင်ပေး၏။

"ဒီမှာ ပုစိကွေးဆိုတဲ့ကလေးမရှိပါဘူး၊ ဟို... "

"ဒီမှာ ရှိပါတယ်ခင်ဗျ"

ဆရာမဖြစ်သူရော Jungkook ပါ အသံလာရာကိုလှမ်းကြည့်လိုက်တော့ အိတ်အလေးကြီးတစ်လုံးကိုမနိုင်မနင်းသယ်လို့ ဖိနပ်ကိုတစ်ဖက်ပဲစီးပြီးထွက်လာတဲ့ ဖရိုဖရဲနဲ့ကောင်လေးတစ်ယောက်။

ဘာစားလာလို့လည်းမသိ ပါးစပ်တစ်ခုလုံးလည်းပေပွလို့ ...
ဒါကတကယ်ပဲ အစ်ကိုHyungho ရဲ့သားလား?

"ဒီမှာပါခင်ဗျ ဒီမှာပါ။ ပုစိကွေးဆိုတာ သားပါ"

"Jiminieရဲ့နာမည်က ပုစိကွေးလား?"

"ဟုတ်ပါတယ်၊ ‌ဖိုးဖိုးကြီးပေးထားတဲ့နာမည်ပါ"

"အာ..."
အခုမှသာကြားဖူးတဲ့နာမည်မို့ ဆရာမကခေါင်းတငြိမ့်ငြိမ့်၊
ဒီနေ့မှအလုပ်စဝင်တာကြောင့်လည်းဖြစ်မည်။

"တောင်းပန်ပါတယ်ရှင် မသိလိုက်လို့ပါ"

အကြိုလွှတ်လိုက်တဲ့သူရဲ့အထောက်အထားကိုသေချာပြခိုင်းပြီး Jungkook လက်ထဲကလေးကိုထည့်ပေးလိုက်သည်။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now