Chapter 21 🐣

2.3K 208 13
                                    

ရင်ခုန်သံပုစိကွေး

Chapter 21 🐣



တိမ်ပြာပြာနေ့တစ်နေ့ 
အဖြူရောင်အခန်းကျယ်ထဲ  အရောင်စုံလူနည်းစုနဲ့
တစ်ယောက်တစ်လှည့် သိသူမသိသူရောယှက်ခဲ့။

တချို့ကရယ်မောနိုင်၍  တချို့ကမတည်ငြိမ်စွာ
တချို့ကထိုင်လျက်  တချို့ကပြေးလို့လွှားလို့
ထိုထဲတချို့   တစ်စုံတစ်ယောက်အလွန်ပျော်ခဲ့။

"မေကြီး   ကိုကိုရောဟင်?"

"ကိုကိုကဟိုဘက်အခန်းထဲမှာလေ။ ... ဘာလုပ်မလို့လဲ?"

"သား ကိုကို့ဆီသွားချင်လို့"      ပြောနေရင်း ခုံပေါ်ကဆင်းဖို့လုပ်တာ...

"ဟဲ့ ဟဲ့  ... အဲ့လိုမဆင်းရဘူးလေ သားလေးရဲ့။  သားတို့ကအခုတွေ့လို့မရသေးဘူး"

"ဟမ် ဘာဖြစ်လို့လဲ?"

Mrs.Arrum ကဆံပင်အလှပြင်နေတုန်းမို့ သားဖြစ်သူကိုမှန်ထဲကနေသာကြည့်ပြီးပြောနေရသည်။
ပြေးထွက်မသွားအောင်တော့ လက်တစ်ဖက်ကိုနောက်ပြန်ဆွဲထားရပါ၏။

"သတို့သားတွေက လက်ထပ်ပွဲမလုပ်ခင်ထိတစ်ယောက်နဲ့တစ်ယောက်အချင်းချင်းမတွေ့ရဘူးတဲ့"

ဟုတ်ပါ၏၊
ဒီဇင်ဘာ၄ရက် ဖြစ်တဲ့ဒီနေ့လေးမှာ Jeon Jungkook ကို Park Jimin ကလက်ထပ်ပါတော့မည်။

အသက်ပြည့်ရင်လက်ထပ်ပေးမယ်ဆိုတဲ့အဖိုးဖြစ်သူရဲ့စကားက ပြောတဲ့တိုင်းဖြစ်လာပုံရသည်။
သို့သော် ယခုလက်ထပ်တဲ့နေ့မှာ Park Jimin တစ်ယောက် အသက်မပြည့်သေးပါ။

"ဘာလို့လဲ? ဘာလို့မတွေ့ရတာလဲ? သားတို့ကလက်ထပ်ကြမှာပဲလေ...."

သူ့ကိုပြောရင် ဒီလိုပဲအတွန့်တက်တဲ့မေးခွန်းတွေများမယ်ဆိုတာ သိပြီးသားမို့ တန်ပြန်အဖြေတွေကိုကြိုတင်ပြင်ဆင်ထားရပါသည်။

"လက်မထပ်ရသေးခင်တွေ့လိုက်ရင် အဲ့လက်ထပ်ပွဲကပျက်တတ်တယ်တဲ့ ..."

"အမ်  လက်ထပ်ပွဲပျက်မယ်!!... OK OK သား ကိုကို့ကိုမတွေ့တော့ဘူး။ ငြိမ်ငြိမ်လေးထိုင်နေလိုက်မယ်"

ငြိမ်ဆေးရသွားတဲ့ Jimin ကထိုင်ခုံမှာမလှုပ်မယှက်ပြန်ထိုင်နေ၏။
ထလိုက်ထိုင်လိုက်နဲ့မို့ ပုံစံအနည်းငယ်ပျက်နေတဲ့ဝတ်စုံကို ဘေးကအမျိုးသမီးလေးတွေက ပြန်ပြင်ပေးကြသည်။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now