Chapter 3 🐣

3K 269 14
                                    

ရင်ခုန်သံပုစိကွေး

Chapter 3 🐣


အနည်းငယ်စိမ်းသက်နေတဲ့အငွေ့အသက်တွေကြား Jungkook တစ်ယောက်ချွေးပြန်နေသည်။ အိမ်ထဲဝင်ရဖို့ကို အကြာကြီးရပ်စောင့်နေရရုံမက အစစ်အဆေးပါခံရတော့မည့်အခြေအနေ၊

အစ်ကိုSungkook ပြောတော့ ပုစိကွေးလို့ပြောလိုက်တာနဲ့ရပြီ တဲ့
အခုကျ လူကိုပိုပြီးသင်္ကာသလိုကြည့်ခံနေတယ်

"ဘယ်သူများလဲရှင့်?"

"အာ.. ဟုတ်ကဲ့ ကျွန်တော် ..."

"ကိုကို!"
နာမည်အရင်မိတ်ဆက်ရမှာက ယဥ်ကျေးမှုတစ်ခုပဲမို့ Jungkook ကြိုးစားလိုက်ပေမဲ့ အပြေးလေးရောက်လာတဲ့ Jimin ကဦးစွာဆီးကြိုတော့သည်။

ခပ်လှမ်းလှမ်းကနေ အကျယ်ကြီးအော်ပြီးပြေးလာတော့တာ ...
"ကိုကို  သားဆီလာတာမလား? လာလေ ဝင်ခဲ့"

"ဟို..."
Jungkook ဘာမှပြောလိုက်ချိန်တောင်မရ ၊အတင်းဆွဲခေါ်ခံလိုက်ရတော့သည်။

"ကိုကို ဒီမှာထိုင်" 
ဆိုပြီးသူကပါ Jungkook ဘေးဝင်ထိုင်တော့သည်။

အစကသူစိမ်းတွေကြားအနေရခက်နေတာမို့ အခုလိုဧည့်ခံပေးမဲ့သူရှိတာကိုတော့ တကယ်ပဲကျေးဇူးတင်မိပါ၏။

"ဖိုးဖိုးကြီးရေ  ဖိုးဖိုးကြီး ... ခဏထွက်လာပါဦး ဒီမှာမိတ်ဆက်ပေးမလို့"

ဖိုးဖိုးကြီး?
ဟိုတစ်နေ့က ဖိုးဖိုးကြီးလား?
သူ့မြေးကိုဘာလုပ်လို့လဲ လို့ငါ့ကိုပြဿနာရှာနေဦးမယ်

ဆော့စရာတွေကြားထဲကထွက်လာတဲ့ အဖိုးဖြစ်သူဆီသွားပြီး လက်ကနေတွဲခေါ်ခဲ့တော့သည်။

"ဖိုးဖိုးကြီးကလည်း  လာပါ။ သားမိတ်ဆက်ပေးချင်လို့"

မိတ်ဆက် ...မိတ်ဆက်ပေးမယ်?
ဘာကိုမိတ်ဆက်မှာလဲ ငါကဒီအတိုင်း!

"လာပါပြီ မြေးရယ်"

"ဒီမှာထိုင်"  
ဆိုပြီး ဖိုးဖိုးကြီးကိုတစ်ဖက်မှာထိုင်စေလို့ သူကတော့ Jungkook ဘေးပြန်သွားထိုင်သည်။
ထိုအချိန်ခဏလေးမှာပဲ Jungkook တစ်ယောက်ခေါင်းမွေးထောင်သလိုခံစားလိုက်ရတော့သည်။ ထောင်ဆို အဖိုးဖြစ်သူရဲ့အကြည့်တို့က မိုးကြိုးပစ်ခံရတော့မလိုထိ စူးနစ်နေလို့ဖြစ်၏။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Όπου ζουν οι ιστορίες. Ανακάλυψε τώρα