Chapter 8 🐣

2.3K 214 4
                                    

ရင်ခုန်သံပုစိကွေး

Chapter 8 🐣


"ရှင်?... ကျွန်မအခုပဲလာခဲ့ပါ့မယ်ရှင့်"

ဖုန်းချပြီးပြီးချင်းပဲ Mrs.Arrum တစ်ယောက်အပြင်သွားဖို့ပြင်ဆင်ရတော့သည်။

"သမီး ... ဘယ်ကဖုန်းလဲ?"

"မူကြိုကျောင်းက အဖေ...။ သားလေးကိစ္စပြောစရာရှိလို့ ချက်ချင်းလာခဲ့ပေးပါဆိုလို့"

"ဟေ... ငါ့မြေးလေးဘာများဖြစ်လို့လဲကွဲ့။ အဖေပါလိုက်ခဲ့မယ်..သမီး"

"ဟုတ်ကဲ့ အဖေ"

Parkဦးစီးနဲ့ Parkပေါက်စကတူတူပဲမို့ တစ်ခုခုဆိုရင်မည်သူမျှမတားကြ၊ သူတို့စကားအတိုင်းသာနာခံကြသည်။ မလိုက်ပါနဲ့ ပြောလည်းလိုက်လာမဲ့လူစားမျိုးမို့ အချိန်ကုန်ခံပြီးပြောမနေတော့။

ခပ်မြန်မြန်ပဲကျောင်းကိုထွက်လာလိုက်ကြသည်။

......

"ဒီမှာကြည့်ပါဦးရှင်"

ဆရာမက ခပ်တောင့်တောင့်စာရွက်ဖြူလေးတစ်ရွက်ကို ကမ်းပေးလာသည်။ Mrs.Arrum ကယူပြီးကြည့်လိုက်ပေမဲ့ ဘာကိုပြောချင်မှန်းနားမလည်သေး။

"ဒါက...?"

"Jiminie ဆွဲထားတဲ့ပန်းချီပါ။ မနေ့ကအိမ်စာအနေနဲ့ ကိုယ့်ရည်မှန်းချက်၊ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို ပန်းချီနဲ့ပုံဖော်ပြီးဆွဲလာဖို့မှာလိုက်ပါတယ်... ဒါပေမဲ့ Jiminie ကလူနှစ်ယောက်လက်ထပ်နေတဲ့ဒီပုံကိုဆွဲလာတာပါ"

အမေရောအဖိုးပါ မျက်နှာလေးတွေငယ်သွားကြသည်။ လက်ထဲကပုံကိုနောက်တစ်ခေါက်ပြန်ငုံ့ကြည့်တော့မှ...

"ပုံမှာလည်း အရပ်ရှည်ရှည်နဲ့တစ်ယောက်ကို,ကိုကို၊ဘေးကအသေးလေးကိုကျ,သား ဆိုပြီးရေးထားသေးတယ်ရှင့်"

ဆရာမပြောတဲ့စာတန်းထိုးကိုမြင်ရတော့သည်။

ဘာပြောရမှန်းမသိအောင်ထိကို မျက်နှာပူရပါသည်။ ဘေးမှာငြိမ်ငြိမ်လေးထိုင်နေတဲ့ Jimin ကသူလုပ်တာအမှန်ပဲလေ ဆိုတဲ့မျက်နှာပေးမျိုးနဲ့နေ,နေ၏။

"ဒီကိစ္စကဒီအရွယ်လေးနဲ့မလိုက်ဖက်တာမို့ အခုလိုခေါ်ပြောရတာပါ... အားနာပါတယ်ရှင်"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now