Chapter 40 🐣 ( Final )

4.8K 315 68
                                    

ရင်ခုန်သံပုစိကွေး

Chapter 40 🐣  ( Final )





ကားသံကြားလို့ Mr.Arrum နဲ့အတူ Mrs.Hyungho ပါအပြေးလေးထွက်လာကြသည်။

ဘာမှမသိတဲ့ Jungkook ကစက်ရပ်ပြီး ကားပေါ်ကဆင်းလို့ ...

"ကလေးရေ ..."      လို့ဦးဆုံးအော်ခေါ်လေရဲ့။

"သြော် အစ်ကို! ပုစိကွေးရောဟင်? သူအခုထိစိတ်ဆိုးနေတုန်းလား? ... သူ့ကိုချော့ဖို့ပီဇာဝင်ဝယ်နေတာနဲ့နည်းနည်းနောက်ကျသွားတယ်... သူထမင်းမစားရသေးဘူးမလားဗျ?"

"..."

Hyungho နဲ့ Mrs.Arrum တို့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်သလို Jungkook ကလည်းသူတို့မျက်နှာတွေကိုဘာမှမသိဘဲလိုက်ကြည့်၏။

"ပုစိကွေးပြန်သွားပြီ"

"ဗျာ?... ဘယ်ကိုပြန်တာလဲဗျ?"

"မင်းတို့အိမ်ကိုပေါ့"

"ခင်ဗျာ? ... အိမ်ကိုဘာလို့ပြန်သွားတာလဲ? မွေးနေ့ပြီးတဲ့ထိဒီမှာနေချင်တယ်ဆိုပြီးတော့ ..."

"အဲ့ဒါက ... "

" ... "
Mrs.Arrum ရဲ့အပြောကို Jungkook အမှန်တကယ်စောင့်စားနေတာမို့ ...

"သူ့အဖေက ××× ။ အဲ့ဒါကြောင့်ငိုပြီးပြန်သွားတာ"
ဖြစ်ကြောင်းကုန်စင် ရှင်းပြလိုက်လေ၏။

ထိုသောအခါ
"ငိုပြီးပြန်သွားတယ်??? ဟာဗျာ  ဒုက္ခပါပဲ"
ကားပေါ်ချက်ချင်းပြန်တက်ပြီး အလျင်စလိုမောင်းထွက်သွားလေတယ်။
ထင်တဲ့အတိုင်း Hyungho ကိုသာစိတ်ထဲကအပြစ်တင်သလိုဟန်။

အလုပ်ကိစ္စအတွက် ခဏလေးအပြင်ထွက်သွားတာမို့ သူ့ကိုမပြောပြခဲ့လိုက်တော့တာ။
တကယ်ခဏလေးပဲမို့လို့ ...

×××

အကြောင်းတိုက်ဆိုင်စွာနဲ့  မိုးကရွာချလာတယ်
ပြောစရာစကားများရှိနေလေသလား?

စိတ်စွမ်းအင်သာရှိခဲ့ရင်
မိုးစက်တွေကတဆင့်  စကားလေးပါးလိုက်ချင်ရဲ့!

ကိုကို ကလေးကိုသိပ်ချစ်တယ်လို့ ...

အားကုန်သွားတဲ့ဖုန်းကိုပဲအပြစ်တင်ရမလား?
ကလေးကိုဆူလိုက်တဲ့အဖေဖြစ်သူကိုပဲစိတ်ဆိုးရမလား?
ဘာမှမပြောဘဲထွက်လာမိတဲ့ သူ့ကိုယ်သူပဲဒေါသထွက်ရမလား?  နဲ့ Jungkook အတော်လေးနေရခက်နေသည်။

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now