Chapter 24 🐣

2.3K 211 9
                                    

ရင်ခုန်သံပုစိကွေး

Chapter 24 🐣




"ကိုကို..."

ညတုန်းကအမှောင်ဖုံးပြီးအမိုက်ကျနေပေမဲ့ အခုတော့အလင်းရဲ့အရှိန်ကပြင်းလွန်းနေသည်။
ဒီလောက်ထိဝါတောက်နေတာ နေလုံးကြီးများအခန်းထဲရောက်နေလားပေါ့?

"ကိုကို... ထတော့လို့"

"အွင်?  ... အင်း ကလေးလား?"

"ဟုတ်တယ်။ သားဗိုက်ဆာနေပြီ မြန်မြန်ထတော့"

ညတုန်းကကျသူ့အဖိုးနဲ့သွားအိပ်ပြီးတော့  ဗိုက်ဆာတော့မှလူကိုလာနှိုးနေတယ်။ မထဘူး သွား!

"ဖိုးဖိုးကြီးရှိတယ်မလား  သွားစားနှင့်လေ"
စောင်နဲ့ပါခေါင်းထိခြုံလိုက်သေးသည်။ အခုစိတ်ကောက်နေတဲ့ကလေးက Jimin မဟုတ်။

"ဖိုးဖိုးကြီးတို့က ကိုကို့ကိုပါခေါ်ခဲ့တဲ့။ ကိုကိုမပါရင် သားကိုလည်းဘာမှမစားရဘူးတဲ့ ... ထတော့လို့ "

ခေါင်းထိခြုံထားတဲ့စောင်ကိုအတင်းပြန်ဆွဲပြီး တဂျီဂျီလုပ်တော့သည်။ သူ့ကိုခေါ်ခဲ့ဖို့ပြောတာက Mr.Jinhyuk မဟုတ်ဘဲ Hyungho သာဖြစ်မည်လို့ Jungkook တွေးထားပြီးသားရယ်ပါ။

"ကိုကို ... သားအရမ်းဗိုက်ဆာနေပြီလို့ပြောနေတယ်လေ။ ဗိုက်အောင့်တော့မှာနော်..."

အောင်မယ်လေး ဒါတော့လုံးဝမဖြစ်ဘူးလေ

"အင်းအင်း အခုထပြီ။ ၅မိနစ်လောက်စောင့်ပေး ကိုကိုဆေးကြောလိုက်ဦးမယ် ဟုတ်ပြီလား"

"အွန်း"

Jungkook အိပ်ယာထဲကထသွားတော့  Jimin အခန်းထဲကိုလှည့်ပတ်ကြည့်နေလိုက်သည်။

ပျက်စီးနေတဲ့မင်္ဂလာဦးအခန်းလေးကိုကြည့်ပြီး

"ညတုန်းက ကိုကိုတစ်ယောက်တည်းကစားထားတာ တစ်ခန်းလုံးရှုပ်ပွနေတော့တာပဲ "

×××

Jungkook ကရေမိုးချိုးပြင်ဆင်ပြီးတော့ နှစ်ယောက်သား breakfast စားဖို့ထွက်လာကြသည်။
အရင်ရောက်နှင့်နေတဲ့အဖွဲ့က မှာထားပြီးပြီမို့ Jungkook ကနှစ်ယောက်စာသာမှာရသည်။

"Jungkook-ah .. အဖွဲ့အသစ်ပွဲဦးထွက်ရှိလို့ အစ်ကိုဒီနေ့ပြန်ရမယ်"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now