Chapter 28 🐣

2.2K 195 6
                                    

ရင်ခုန်သံပုစိကွေး

Chapter 28 🐣


"ပီဇာမဝယ်လာလို့??"

ဒါကတော့ Mr.Hyungho နဲ့ Mrs.Arrum ဆီကနေ အံ့သြလွန်းလို့ထွက်ကျလာတဲ့ အာမေဋိတ်အသံပြိုင်။
Mr.Jinhyuk လည်းအနည်းငယ်လန့်သွားပေမဲ့ အသိထွက်လာတဲ့ထိတော့မဖြစ်။

"ပုစိကွေး ... ဘာအဓိပ္ပါယ်မရှိတာတွေလုပ်နေတာလဲ? ။ အဲ့လောက်ထိဂျီမကျနဲ့နော် ... ကလေးလည်းမဟုတ်တော့ဘူး"

ဒေါသထွက်သွားတဲ့ Hyungho ကစိတ်တိုတဲ့အသံနဲ့ပြောလာ၏။ Jungkook အပေါ်အားနာစိတ်လည်းဖြစ်မိတာမို့ Jimin ကိုဆူတော့သည်။

"ဘာမဟုတ်တာလေးနဲ့ပြဿနာရှာရတယ်လို့...။ Jungkook ကိုဒုက္ခပေးပြီးလူကြီးတွေကိုလည်းညဘက်အပြင်ထွက်ရအောင်လုပ်တယ်။ ဘာလို့အဲ့လောက်ထိဆိုးနေရတာလဲ?"

"ဖေကြီးကဘာသိလို့လဲ? ကိုကိုက ညနေကျရင်ပီဇာဝယ်ခဲ့မယ်နော် ဆိုပြီးသားကိုအရင်ပြောတာ။ အဲ့ဒါကြောင့်သားကဘာမှမစားဘဲအကြာကြီးစောင့်နေတာလေ... ပြီးတော့ ကိုကိုကမဝယ်ဘဲပြန်လာတာ။ သားဘာလုပ်လို့လဲ ကိုကိုပဲအကုန်လုပ်တာကို..."

"ဟုတ်ပါတယ်အစ်ကိုရယ် ကျွန်တော့်အမှားပါ။ သူ့ကိုမဆူပါနဲ့နော် ကျွန်တော်မှားတာပါ"

Park Jimin တစ်ယောက်တည်းဆိုတစ်ညလုံးဖြစ်ဖြစ်၊ ၄ညအိပ်၅ရက်နဲ့ပဲဖြစ်ဖြစ်ချော့လို့ရပါသေးသည်။

အခုက သူ့အဖေရောအဖိုးပါချော့ရတော့မလို...!

"တွေ့ပြီလား? ငါ့မြေးမမှားပါဘူးလို့။ အခုသူ့ဘာသူဝန်ခံနေတယ်မလား? ကလေးကအစားစားချိန်မမှန်ရင်ဗိုက်အောင့်တတ်တာသိရဲ့သားနဲ့  ..."

Jungkook ပိုလို့အပြစ်ကြီးသွားသလိုခံစားရပါသည်။
ယောက္ခမအိမ်မှာနှိပ်စက်ခံနေရတဲ့သားမက်လေးလို မျက်နှာငယ်လေးကိုဖြစ်လို့။

Park Hyungho တစ်ယောက်တော့သူ့ဘက်ရှိနေလို့တော်ပါသေးသည်။

"လာ မြေးလေး။ အဖိုးတို့ပြန်ကြမယ်"
ပြောကြဆိုကြရင်းနဲ့ပဲ Mr.Jinhyuk က Jimin လက်ကိုဆွဲလို့ခေါ်သွားဖို့လုပ်သည်။

Jungkook လည်းအလျင်အမြန်ပဲ...

"အဲ့လိုမလုပ်ပါနဲ့ ဖိုးဖိုးကြီးရယ်။ ကျွန်တော်တောင်းပန်ပါတယ် ... နောက်ကိုအခုလိုလုံးဝမဖြစ်အောင်ဆင်ခြင်ပါ့မယ်။ ပုစိကွေးကိုတော့ခေါ်မသွားလိုက်ပါနဲ့နော်..."

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now