ရင်ခုန်သံပုစိကွေး
Chapter 32 🐣
တကယ်ကို ညစာစားပြီးတော့
အရသာကြီးကဆိုးလိုက်တာ လုံးဝမကောင်းဘူး ဆိုတဲ့စကားမျိုးတွေကို Park Jimin ပြောဖြစ်အောင်ပြောခဲ့ပါသည်။သူများတွေဘာမှမပြောခင် သူအဲ့လိုထပြောတဲ့နောက်တော့ Jungkook ကလည်းမစားနိုင်တော့သလိုလုပ်ပြီး ထလာခဲ့ရ၏။
ကျန်ခဲ့တဲ့သူတွေကဘာမှမပြောဘဲ ဆက်စားနေပေမဲ့ Jimin စကားနဲ့တင် owner ကစိတ်ဓါတ်ကျသွားခဲ့ပြီဖြစ်သည်။
ဒါဟာ သူပြောတဲ့ကလဲ့စားချေခြင်း။
×××
မနက်ဖြန်ပြန်မည်ဆိုလျှင် ဒီညမအိပ်ဘဲအလုပ်,လုပ်ရမည်ဖြစ်သည်။
အစကတော့ အိမ်အမြန်ပြန်ချင်လို့အလုပ်တွေဆက်တိုက်လုပ်နေခဲ့တဲ့ Jungkook ကအခုအတွေးတစ်မျိုးပြောင်းသွားပြန်သည်။
.....
ထမင်းစားပြီးအခန်းထဲဝင်သွားတာ ပြန်ထွက်မလာသေးတာမို့ Jimin အခန်းရှေ့ကနေ သူမခွာ။
သူကအရင်ရောက်ပြီး စီစဥ်ထားတဲ့အခန်းမှာနေတာမို့ Jimin နဲ့ Sungkook ရဲ့အတွင်းရေးမှူးကတစ်ခန်းသပ်သပ်ဖြစ်နေ၏။ဘေးမှာတစ်ယောက်ယောက်မရှိရင်မနေတတ်တဲ့ ပုစိကွေးကြောင့် ?
ဘာလို့ထွက်မလာသေးတာလဲ?
ပြောတော့လမ်းလျှောက်ထွက်ချင်တယ်ဆို!အပြင်ကစောင့်ရင်း Jungkook စိတ်မရှည်တော့ပါ။
အထဲကိုဝင်သွားဖို့သာ ဆုံးဖြတ်လိုက်ပြီး ...ဒေါက်ဒေါက်... ဒေါက်
"ကလေး ... ဘာလုပ်နေတာလဲ? ထွက်ခဲ့တော့လေ"
တံခါးကိုအပြင်းအထန်ခေါက်ပြီး အော်ခေါ်တော့သည်။
"ကလေး.."
"ခဏနေပါဦး ကိုကိုရဲ့။ ဒီမှာမပြီးသေးဘူးလေ"
"ဘာမပြီးသေးတာလဲ? ဘာတွေလုပ်နေတာလဲ?"
"ဘာမှမဝတ်ရသေးဘူးလေ"
"ဘာ??? "
Jungkook ခေါင်းကြီးသွားသည်။
မျက်စိထဲလည်း ဟိုဟိုဒီဒီမြင်ယောင်လာပြီး ..."ကလေး အခုတံခါးလာဖွင့်ပေး။ အခုချက်ချင်းဖွင့်နော် မဟုတ်ရင်ကိုကိုဆက်တိုက်ထုနေမှာ"
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )