Chapter 7 🐣

2.4K 221 15
                                    

ရင်ခုန်သံပုစိကွေး

Chapter 7 🐣

ဒီမနက် Jungkook လာမယ်ဆိုတာသိလို့ မနေ့ညကအိပ်ယာစောစောဝင်ထားတဲ့ Jimin..။
သူသိချင်တာကိုလည်း Jungkook ကိုသာမေးဖို့ဆုံးဖြတ်ထားပြီး အစောကြီးထလို့စောင့်နေပြန်၏။

"ပုစိကွေး... ကျောင်းသွားဖို့ပြင်ရမယ်လေ"

"ကိုကိုမှမလာသေးတာ"

မနိုင်စိန်လေးကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ Mrs.Arrum မသိတော့ပြီ။

"Jungkook ကလာရင်မနက်စာစားပြီးအလုပ်ကိုတန်းသွားမှာ။ ကျောင်းကိုလိုက်ပို့စေချင်တယ်ဆိုရင် အဆင်သင့်ပြင်ထားရမယ်လေ သားလေးရဲ့"
ချုပ်ကိုင်နိုင်တဲ့သူက Mr.Hyungho တစ်ယောက်သာ...။

"ဟုတ်သားပဲ ...။ မေကြီး သားကိုရေချိုးပေးတော့!"
ခုနတစ်မျိုးအခုတစ်ဖုံနဲ့  အမျိုးစုံကိုကြိုးခုန်နေတော့တာ...။

ရေအမြန်ချိုးလို့ဖီးလိမ်းပြင်ဆင်ပြီး အိမ်တံခါးဝမှာထပ်လာစောင့်ပြန်သည်။
ဒီတစ်ခါတော့ Jungkook ကားလေးခြံထဲဝင်လာတာကို သူတွေ့လိုက်ရပါသည်။

"ကိုကိုလာပြီ"
ငယ်စဥ်တည်းက မျက်ရည်ကျစေတဲ့ကိစ္စမျိုးမရှိအောင်နေခဲ့ရသူမို့ ငိုတာမျိုးမရှိဖူးပေမဲ့ ဒီလောက်ထိပြုံးပျော်နေတာမျိုးကတော့ အခုမှပထမဆုံးသာ။

"Jungkook .. လာကွာ"      တရင်းတနှီးပဲ Mr.Hyungho ကထမင်းစားခန်းကိုခေါ်သွား၏။

"ကိုကိုလာ..."  ဆိုပြီးလည်း မလိုအပ်ပေမဲ့လို့လက်ကိုအတင်းဆွဲနေပြန်တဲ့ ပုစိကွေး။

Jungkook လည်းယောင်ချာချာနဲ့ Jimin ဆွဲရာနောက်ပါသွားရပြန်၏။

အားလုံးနေရာတကျနဲ့ထမင်းဝိုင်းမှာမိသားစုစုံလင်သွားတဲ့အခါ အိမ်အကူအဒေါ်ကြီးက မနက်စာအတွက်ပြင်ပေးပါတော့သည်။

"sorry ပါကွာ။ အစ်ကိုကမြို့ပြင်သွားရမှာမို့ ငါ့ညီကိုစာရွက်စာတမ်းတွေဝင်ယူခိုင်းလိုက်ရတာ။ ရုံးရောက်ရင် လက်ထောက်ဒါရိုက်တာကိုပေးထားလိုက်နော် နေ့လည်အစည်းအဝေးအတွက်အရေးကြီးလို့လေ"

"ဟုတ်ကဲ့ ရပါတယ်ခင်ဗျ"
Hyungho နဲ့ Jungkook စကားပြောနေစဥ်အတွင်းလည်း Jimin က Jungkook ကိုပဲဆက်တိုက်ကြည့်နေ၏။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now