Chapter 17 🐣

2.2K 214 6
                                    

ရင်ခုန်သံပုစိကွေး

Chapter 17 🐣





"အဖေ..အဖေ့မြေးကိုထွက်ကြည့်ပါဦး!"

ခြံထဲကထွက်လာတဲ့ အလန့်တကြားအော်သံတွေကြောင့် Mr.Jinhyuk တစ်ယောက်ချက်ချင်းပြေးဆင်းလာရပါတော့သည်။

ထိုအသံတွေထဲတွင် မြေးဖြစ်သူနာမည်ပါဝင်နေခြင်းကြောင့်...

"မြေးလေး!"

ခြံထဲကဖြစ်ရပ်ကိုမြင်တော့ ရင်ဘတ်ထဲဒိန်းခနဲဖြစ်လို့ အသံကိုဆောင့်အော်မိလိုက်သည့် Mr.Jinhyuk

"ဒါကဘာလုပ်နေပြန်တာလဲ မြေးရယ်"

"သားကိုယ်သား နေပူလှန်းထားတာလေ"

မှန်ပါ၏။
Park Jinhyuk ခေါင်းမာသလောက်တော့ Park Jimin ကပိုသာသေးသည်။ အဖိုးဖြစ်သူမလိုက်တဲ့ယောက်ျားတောင်းရမ်းပွဲကို သူလည်းလုံးဝမသွားဘူးပြောတဲ့အပြင် အဖိုးရဲ့အားနည်းချက်ကိုသိတဲ့ Jimin က ယခုလည်းနေပူထဲမတ်တပ်ရပ်ပြီးသူ့ကိုယ်သူနေပူလှန်းနေပြန်၏။

"မြေးလေးရယ်  နေပူထဲရပ်တာကြာရင်နှာခေါင်းသွေးလျှံလိမ့်မယ်လေ။ လာပါ အိမ်ထဲမှာပြောရအောင်နော်"

"မရဘူး ... သားအိမ်ထဲမဝင်ချင်တော့ဘူး၊ဖိုးဖိုးကြီးလည်းအိမ်ထဲမဝင်ရဘူး။ ကားပေါ်တက်ပြီး ကိုကို့အိမ်ကိုသွားရမှာ..."

"ဘာလုပ်နေကြတာလဲ ထီးယူခဲ့ကြလေ"
ဘေးမှာရပ်ကြည့်နေတဲ့ အိမ်သားတွေကိုအော်ငေါက်လိုက်သေးသည်။

"ထီးဆောင်းပေးရင် သားပက်လက်လှန်ချပစ်မှာ"

"ပုစိကွေး ... ဘာလို့အရမ်းဆိုးနေတာလဲ? ဖိုးဖိုးကြီးက..."

"ငါ့မြေးကိုမအော်နဲ့"
တကယ်ပါ။ Mr.Jinhyuk ကမြေးဖြစ်သူကိုလေသံမာမာတောင်တစ်ခါမှမသုံးဖူးပါ။ ဘယ်လောက်ဆိုးဆိုးချော့ပြောတဲ့အပြင် ချော့မရရင်အကုန်လိုက်လျောပေးလိုက်တာမျိုးချည်း။

အခုလည်း Mr.Hyungho ဝင်ဟန့်တာကိုသူကပြန်တားသေးသည်။

"ကဲ  မြေးလေးစိတ်ချမ်းသာအောင် ဖိုးဖိုးကြီးလိုက်ခဲ့မယ် ဟုတ်ပြီလား?"

"ဟာ ... ရေးးး ဒါမှငါ့ဖိုးဖိုးကြီးကွ!  ဖိုးဖိုးကြီး ကားပေါ်မြန်မြန်တက် ကိုကိုအကြာကြီးစောင့်နေရလိမ့်မယ်"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now