Chapter 34 🐣

2.1K 190 7
                                    

ရင်ခုန်သံပုစိကွေး

Chapter 34 🐣



"ကိုကို ... သားဒီနေ့ကိုကိုနဲ့လိုက်ခဲ့ချင်တယ်"

"ဒီနေ့သင်တန်းမရှိဘူးလား?"

"ဆရာကနေမကောင်းလို့တဲ့ ဒီနေ့ခွင့်ယူမယ်ပြောတယ်"

"သြော်...အဲ့ဒါဆိုလည်းလိုက်ခဲ့လေ"

"အင်း... ဒါဆိုခဏစောင့်နော်။ သားအဝတ်အစားသွားလဲလိုက်ဦးမယ် "

ခဏစောင့်ဆိုပြီး တက်သွားတာမိနစ်၄၀လောက်ကြာတယ်။ တစ်နာရီနီးပါးပေါ့။
ဒီလောက်အချိန်အကြာကြီးယူထားတာတောင် ပြန်ဆင်းလာတော့ ဘာမှထူးမလာပါဘူး။

သူဝတ်နေကျပုံစံအတိုင်း sticker ပါတဲ့အင်္ကျီအနက်ရောင်လက်ရှည်လေးနဲ့ဘောင်းဘီဝါကျင့်ကျင့်အတိုလေး။
ဒီတိုင်းလေးပဲဝတ်ခဲ့မယ်ဆိုရင် ဘာလို့အဲ့လောက်အကြာကြီးရွေးချယ်နေသေးတာလဲ?

ဘာမှပြင်ဆင်မလာခဲ့ဘူးဆိုရင်တောင် သိပ်ချစ်စရာကောင်းနေတုန်းပါပဲ။

×××

ဒီနေ့အတွက်ရိုက်ကူးရေးကို ပန်းခြံထဲမှာစီစဥ်ထားသည်။
ဖိနပ်ကြော်ငြာရိုက်ကူးမှာမို့ လူငယ်ဆန်ဆန်နဲ့တက်ကြွပေါ့ပါးတဲ့ ကျောင်းသားမော်ဒယ်တစ်ယောက်ကို Jungkook ရွေးထားပြီးဖြစ်သည်။

"ကိုကို... သားဗိုက်ဆာလိုက်တာ၊ တစ်ခုခုစားချင်တယ်"

"ဗိုက်ဆာတာလား? ဘာစားမလဲ ကိုကိုသွားဝယ်လိုက်မယ်လေ"

"ရပါတယ်... ကိုယ့်ဘာသာပဲသွားဝယ်လိုက်မယ်။ ပိုက်ဆံပဲပေး"

"ကလေးတစ်ယောက်တည်း ဖြစ်ပါ့မလား?"

"ဖြစ်ပါတယ် ကိုကိုရဲ့။ ကလေးမှမဟုတ်တာ သားသွားတတ်ပါတယ်။ ပြီးတော့ မုန့်ဆိုင်ကဟိုမှာလေ"

သူ့ကိုယ်သူကလေးမဟုတ်တော့ပါဘူး လို့ပြောနေတဲ့ ကလေးတစ်ယောက်ရှိနေ!

Jimin ညွှန်ပြတဲ့နေရာကိုလှမ်းကြည့်တော့ ထိုဆိုင်လေးကမြင်ကွင်းရှေ့မှာအထင်းသားရှိနေတာမို့ Jungkook အနည်းငယ်စိတ်ချသလို။

"ဝယ်ပြီးတာနဲ့မြန်မြန်ပြန်လာနော်"

"အွန်းပါ ..."

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now