Chapter 14 🐣

2.3K 209 8
                                    

ရင်ခုန်သံပုစိကွေး

Chapter 14 🐣



"ပုစိကွေးရယ် ... တစ်ခါလောက်လေးပဲဖြစ်ဖြစ်စကားနားထောင်စမ်းပါကွာ"

မနက်စောစောစီးစီး ပြောဆိုနေရပြီဖြစ်တဲ့ Park Jimin...။

"ဖေကြီးက အလုပ်ဖျက်ပြီးတောင်လိုက်ပေးမှာလေ"

"မရပါဘူး..။ ကိုကိုနဲ့ပဲသွားမှာ... ကိုကို့ကိုပဲခေါ်သွားချင်တာပါဆို"

ကျောင်းအားကစားပွဲအတွက်ဖြစ်သည်။
နှစ်ကုန် နှုတ်ဆက်ပွဲလို့လည်းပြောလို့ရတဲ့ပွဲကို Jungkook ကိုသာခေါ်သွားချင်နေတဲ့ Jimin နဲ့ သားဖြစ်သူအတွက်အရေးကြီးအလုပ်တွေပါဖျက်ထားတဲ့ Hyungho တို့ရဲ့တိုက်ပွဲ။

"ဘာလို့လဲ? အရင်နှစ်တွေကလည်းဖေကြီးပဲလိုက်ပေးတာလေ"

"အဲ့ဒါကြောင့်ပေါ့ ... အရင်နှစ်တွေကလည်းလိုက်ပြီးပြီကိုဘာလို့ဒီနှစ်ပါထပ်လိုက်ဦးမှာလဲ? ဖေကြီးကဒိတ်အောက်နေပြီ... ကိုကို့ကိုပဲခေါ်သွားချင်တာ"

"ပြောရခက်လိုက်တာ ပုစိကွေးရာ...။ Jungkook ကအဲ့လောက်ထိမအားဘူးလေ။ ပြီးတော့အခုချက်ချင်းကြီး သူဘယ်လိုလာပေးနိုင်မှာလဲ?"

Mr.Hyungho တစ်ယောက် ဆံပင်တွေရှုပ်ပွသွားအောင်ထိ သူ့ခေါင်းသူထိုးဖွမိတော့သည်။ Jungkook မှမဟုတ်ရင်မသွားဘူးဆိုတဲ့ Jimin ကြောင့်တကယ်ပဲအခက်တွေ့နေ၏။

ဘယ်သူနဲ့တူလို့ဒီလောက်ထိခေါင်းမာနေမှန်းမသိပေမဲ့ သူမွေးထားတဲ့သူ့သားဆိုတာတော့ သေချာပါသည်။

"ကိုကို့ကို ဖုန်းခေါ်ပေး"

"ပုစိကွေး..!"

"သားပြောရင်ကိုကိုကလာမှာ ... သားကိုဖုန်းပေး"

ဖုန်းပြောပြီးမိနစ် ၄၀ ခန့်အကြာမှာတော့...

"တွေ့လား သားပြောသားပဲ။ ကိုကိုကသားခေါ်ရင်လာမှာပါလို့"

Jungkook ကတကယ်ကြီးရောက်ချလာတာ။ ဒီအချိန်က ရုံးသွားဖို့ပြင်ရမဲ့အချိန်...။ ပြီးတော့ Jungkook လိုရာထူးတက်ဖို့လောဘရှိနေတဲ့လူတစ်ယောက်က အလုပ်ကိုဖျက်ဖို့ဆိုတာ မဖြစ်နိုင်။

ဘယ်လိုဓါတ်ကြောင့်များ ဖုန်းတစ်ချက်ဆက်ရုံနဲ့ရောက်လာရပြန်တာလဲ?

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now