Chapter 23 🐣

2.3K 208 17
                                    

ရင်ခုန်သံပုစိကွေး

Chapter 23 🐣



"မရဘူး ဖိုးဖိုးကြီးတို့မပါရင် သားဘယ်မှမသွားဘူး"

"မြေးလေး အဲ့လိုမလုပ်ရဘူးလေ။ အခုက ဟန်းနီးမွန်းထွက်တာ ... ဖိုးဖိုးကြီးတို့လိုက်လို့မရဘူး"

"ဘာလို့မရတာလဲ? ဖိုးဖိုးကြီးတို့လိုက်လို့မရရင်သားလည်းမလိုက်ဘူး။ ကိုကို့ကိုတစ်ယောက်တည်းသွားခိုင်းလိုက်.."

"ဟဲ့ ... သြော်  ဒီကလေးနဲ့တော့ခက်ပါရဲ့။ Jungkook ကိုအားနာစရာ..."

Jungkook ကိုယ်တိုင်လည်း ဘာဝင်ပြောပြီးဘာလုပ်လို့လုပ်ရမှန်းမသိတော့လို့ ဘေးကနေရပ်ကြည့်နေရုံသာ။

လက်ထပ်ပွဲလုပ်ပြီးဟန်းနီးမွန်းထွက်ရမှာကို သူ့မိဘတွေနဲ့သူ့အဖိုးမပါလို့မလိုက်ဘူးတဲ့။
သူ့အဖိုးခြေသလုံးကိုဖက်ပြီး ဂျီကျနေတာ။

ပြောတော့ ၁၈နှစ်ပြည့်ဖို့၄လပဲလိုတာ လူကြီးဖြစ်ပါပြီဆို... ဘာလူကြီးလဲ? ကလေးတွေတောင်သူ့ထက်တွေးတတ်ဦးမယ်!

မှင်စာလေး အတော်ဆိုးတယ်!

"ပုစိကွေး ... ကလေးလိုလုပ်မနေနဲ့တော့ ။ ဒီနေ့ပဲအိမ်ထောင်တောင်ပြုပြီးပြီကို..."
အဖိုးရောအမေပါပြောမရဖြစ်နေပြန်တာမို့ Hyungho ကပဲလူဆိုးဝင်လုပ်ရပြန်ပါသည်။

"ဖေကြီးတို့ကလည်း ဘာလို့သားကိုပဲဝိုင်းပြောနေကြတာလဲ? သားကဒီတိုင်းဖေကြီးတို့နဲ့တူတူသွားချင်လို့လေ ... "

ဘယ်လောက်တောင်အလိုလိုက်ထားမိလို့ဒီလောက်ထိဆိုးနေရတာလဲ ဆိုတဲ့အတွေးမျိုးလည်း Jungkook မတွေးနိုင်တော့ပါ။

သူဂျီကျတိုင်းဘာမှဝင်မပြောဘဲကြည့်နေတယ်ဆိုတာကလည်း သူ့မိသားစုအကြောင်းကိုသိပြီးသားမို့။

အခုလည်းကြည့်လေ သူ့မျက်နှာလေးငိုမဲ့မဲ့လုပ်ပြလိုက်တာနဲ့ ဟန်းနီးမွန်းကိုတစ်မိသားစုလုံးလိုက်လာကြတယ်။ အိမ်အကူအဒေါ်ကြီးတောင်ပါသေးရဲ့ဗျာ!

သူ့ခံစားချက်ကိုပဲအလေးထားပြီး ငါ့စိတ်ကိုတော့နားမလည်ကြဘူး။
Park မိသားစုအတော်ဆိုးတယ်ကွာ!

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now