Chapter 29 🐣

2.1K 191 7
                                    

ရင်ခုန်သံပုစိကွေး

Chapter 29 🐣



"Jungkook-shi"

ဒီနေ့အတွက်ရိုက်ကူးရေး ၄ခုရှိနေပြီး ၂ခုက Sora နဲ့သာဖြစ်သည်။ Sora ကို Jimin ကသဘောမကျတာမို့ Jungkook ကအနေအထိုင်ဆင်ခြင်ရသည်။ သတိထားပြီးဆက်ဆံတာမျိုးမဟုတ်ပေမဲ့ ဦးနှောက်ကသူ့အလိုလိုအလုပ်,လုပ်နေခြင်းသာ။

"Sora  လာတာစောလှချည်လား? ဝန်ထမ်းတွေတောင်မစုံသေးဘူး"

"အင်း ဟုတ်တယ်။ Jungkook ကရိုက်ကွင်းကိုအစောကြီးလာတတ်တယ်ပြောလို့ Sora လည်းအစောကြီးထလာလိုက်တာ"

"သြော်..."

Jungkook ကစကားစဖြတ်ပြီး သူလုပ်စရာရှိတာဆက်လုပ်သည်။ အလုပ်ပြီးလို့အိမ်ပြန်တဲ့အခါ ပီဇာဝယ်သွားဖို့သာ အတွေးထဲရိုက်ထည့်ထားပြီး။

"ဒါနဲ့လေ ..."

"ဟုတ်"

စကားစပြတ်သွားပေမဲ့ Sora ကပဲထပ်ပြီးစ၏။

"နောက်တစ်ပတ်ရိုက်ကူးရေးက ပင်လယ်ဘက်သွားရမယ်ဆိုတာ Jungkook သိပြီးပြီလား?"

ဟုတ်သား!
ရိုက်ကူးရေးတစ်ခုအတွက်ခရီးထွက်ရမယ်လို့ မန်နေဂျာဆီကကြားထားပြီးသားကို၊ အလုပ်တွေအရမ်းရှုပ်နေတာနဲ့ပဲ သတိမရတော့တာ။

တွေဝေနေတဲ့ Jungkook မျက်နှာထားကြောင့် ...

"Jungkook ဘာမှမပြင်ဆင်ရသေးဘူးလား?"
Sora ကချက်ချင်းသိသွားသည်။

"ဟုတ်တယ် .. အလုပ်တွေရှုပ်နေတာနဲ့အဲ့ခရီးကိုမေ့နေတာ"

Jungkook အတွက်တကယ့်ပြဿနာက ဘာမှမပြင်ဆင်ရသေးတာမဟုတ်ပါဘူး။
ခရီးထွက်ရမဲ့အကြောင်း Park Jimin ကိုဘယ်လိုအသိပေးရမလဲဆိုတာပါပဲ။

"Jungkook မအားရင်လည်း ခရီးအတွက်လိုအပ်တာတွေ Sora ပြင်ဆင်ပေးမယ်လေ"

"အာ မဟုတ်တာပဲ ရပါတယ်"

"အားမနာပါနဲ့။ Sora အတွက်အပန်းမကြီးပါဘူး"

"မဟုတ်ဘူးဗျ။ ဟို ...ရပါတယ် အိမ်ကအမျိုးသားလေးကိုပဲပြင်ခိုင်းလိုက်ပါ့မယ်"

Sora ဘာမှပြန်မပြောတော့ဘဲ အင်တင်တင်နဲ့ခေါင်းငြိမ့်ပြသည်။ တကယ်တမ်းကျ Jungkook ကဒီလိုစကားမျိုးကိုလွယ်လွယ်ပြောထွက်မဲ့သူမဟုတ်။ တစ်စုံတစ်ယောက်ကြောင့်သာ ပြောင်းလဲသွားတာမျိုး...။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now