Chapter 13 🐣

2.3K 218 3
                                    

ရင်ခုန်သံပုစိကွေး

Chapter 13 🐣




ဒီနေ့ကရုံးပိတ်ရက်ဆိုပေမဲ့ အလုပ်ပိုရှုပ်တဲ့နေ့။
မနေ့က ပုစိကွေးလာလို့လွတ်သွားတဲ့အစည်းအဝေးကအချက်အလက်တွေကို အစကပြန်လုပ်ရတယ်။
သဘက်ခါလုပ်မဲ့ရိုက်ကွင်းအတွက် အခုထိဘယ်မင်းသား၊ဘယ်မင်းသမီးရယ်လို့ ရေရေရာရာမသတ်မှတ်ရသေး။

ဒီကြော်ငြာကို နောက်အပတ်ထဲအပ်ရတော့မှာဖြစ်ပြီး လက်ရှိမှာအသက်ရှူချိန်တောင်မရ...။

"Jungkook-shi"

"ခင်ဗျာ?"

နာမည်ခေါ်လို့လှည့်ကြည့်လိုက်ပေမဲ့  ဘယ်သူဆိုတာကိုအတိအကျ Jungkook မမှတ်မိ။ ခဏလောက်ရပ်ကြည့်နေမိပြီး ဘယ်သူဖြစ်နိုင်မလဲလို့ မှတ်ဥာဏ်ထဲရှိသမျှဆွဲထုတ်နေမိသည်။

"Sora ပါ ... မမှတ်မိဘူးလား?"

"Sora??"
နာမည်ပြောတာတောင် Jungkook ကအင်တင်တင်ဖြစ်နေသေးသည်။ မိန်းမလှလေးကအနားတိုးလာပြီး သေချာပြုံးပြတော့မှ...

"အာ... Sora!..။ .... ဘယ်လိုလဲ အဆင်ပြေတယ်မလား?"

"အင်း"

Sora ဆိုတာ နိုင်ငံခြားမှာကျောင်းတက်တုန်းက သိခဲ့တဲ့  american + korean ကပြားမလေး။

ကျောင်းတုန်းကသူငယ်ချင်းဖြစ်တဲ့အပြင် အရမ်းရင်းနှီးခဲ့တာမျိုးလည်းမဟုတ်တော့ Jungkook ချက်ချင်းမမှတ်မိတာလည်းဖြစ်နိုင်သည်။ အခုပဲ Jungkook က၂၈နှစ်ဆိုတော့ နှစ်တွေအတော်ကြာခဲ့ပြီမို့...

"ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ... အလုပ်ကိစ္စလား?"

"ဆိုပါတော့...။ Sora ကိုဒီ ent:ကကမ်းလှမ်းထားလို့ လူတွေ့လာဖြေတာ"

"ဟင်?...ဘာအတွက်လဲ"

"ကြော်ငြာအသေးစားလေးပါ။ Sora က modeling လုပ်နေတာလေ"

"အာ... အဲ့ဒါဆိုရင် ...သဘက်ခါအတွက်...??"

နှစ်ယောက်သား  နှုတ်ဆက်စကားဆိုရင်းနဲ့ပဲ ကိစ္စအတော်များများသိသွားကြပြီဖြစ်သည်။ Jungkook ရဲ့သဘက်ခါကြော်ငြာအတွက်မရွေးချယ်ရသေးတဲ့ ဆန်ခါတင်မင်းသမီးစာရင်းမှာ Sora ပါသည်။

အခုမှပြန်တွေ့တယ်ဆိုပေမဲ့ Sora ကမှတ်မိပြီး သူကမမှတ်မိလို့ Jungkook ကအားနာကြောင်းတဖွဖွပြောသည်။ တွေ့လက်စနဲ့ အလုပ်ကိစ္စနည်းနည်းပြောကြည့်လိုက်တော့ သဘက်ခါအတွက် model ရွေးဖို့ Jungkook အတော်လေးအဆင်ပြေသွားလေ၏။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now