ရင်ခုန်သံပုစိကွေး
Chapter 9 🐣
ဆောင်းလေပြေကအလွန်ချမ်းမြပါသည်။
အမြဲမဟုတ်ဘဲ အချိန်တစ်ခုစောင့်ပြီးမှသာ လွင့်ခတ်သည်မို့ ထိုချမ်းမြမှုကိုမျှော်လင့်ရပြန်သည်။ဤဆောင်းလေမြူးလို့ နှင်းဖြူလေးတို့ထူးတဲ့ April 13 မှာ Park Jimin ဆိုတဲ့လူသားပိစိလေးတစ်ဦးမွေးဖွားလာခဲ့သည်။
တစ်နှစ်တစ်ဖန် တစ်ခါတစ်လှည့်ပြန်ရောက်လို့လာပြန်တဲ့ထိုနေ့လေးမှာ ဒီမိသားစုအားလုံးပျော်ရွှင်ကြရပြန်ပါသည်။
"ဖေကြီးရေ... ဖေကြီး။ ဖေကြီးရေလို့ ... ဒီဖေကြီးကလည်းဘယ်တွေသွားနေပြန်တာလဲမသိဘူး"
"မြေးလေး... ဘာလို့ဖေကြီးကိုအသည်းအသန်ရှာနေတာလဲ? ဖိုးဖိုးကြီးကိုပြောလေ ဘာလုပ်ချင်လို့လဲ?"
သူလုပ်ချင်တာမှန်သမျှဖြည့်ဆည်းပေးမည့်သူကအဆင်သင့်!"ဒီကိစ္စက ဖိုးဖိုးကြီးနဲ့မဆိုင်တော့ဘူး။ ဖေကြီးလုပ်ပေးမှရမဲ့ကိစ္စ..."
"အေးပါကွာ ငါ့သားကလည်း။ ဖေကြီးဖုန်းပြောနေလို့ပါကွ ... ဘာပြောမလို့လဲ ပြော"
သားဖြစ်သူခေါ်နေတဲ့အသံကြားလို့ အလုပ်ကိစ္စဖုန်းကိုတောင် စကားစ,ဖြတ်ခဲ့ရသည်။
"ဒီနေ့ကသားမွေးနေ့လေ"
"ဟုတ်တယ်လေ... အဲ့ဒါကြောင့် မွေးနေ့ပွဲလုပ်ဖို့ပြင်ဆင်နေကြတာပဲလေ သားရဲ့"
"အဲဒီ့ပြင်ဆင်နေတဲ့မွေးနေ့ပွဲကို ကိုကိုရောလာမှာလားဟင်?"
"အေး... လာမှာပေါ့ကွ။ သူတို့ညီအစ်ကိုနှစ်ယောက်လုံးကို ဖေကြီးဖိတ်ထားတယ်"
"OKလေ ... အဲ့ဒါဆိုလည်းပြီးတာပဲ"
သူသိချင်တာမေးပြီး အမေဖြစ်သူဆီပြန်ပြေးသွားတော့သည်။
ညနေကိုကျော်လွန်တဲ့အချိန်မှာတော့ မွေးနေ့ပွဲလေးမှာလူစည်လာခဲ့ပါပြီ။ တစ်ယောက်စ,နှစ်ယောက်စ နဲ့မူကြိုကသူငယ်ချင်းတွေအကုန်စုံနေတာတောင် Park Jimin က birthday-cake မခွဲသေး။
"သားလေး ... ကိတ်ခွဲရအောင်လေ။ သူငယ်ချင်းတွေစောင့်နေကြပြီ"
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )