Chapter 19 🐣

2.3K 213 1
                                    

ရင်ခုန်သံပုစိကွေး

Chapter 19 🐣



"ကိုကို"

သူရောက်ပြီဆိုတိုင်း အမောတကောပြေးလာခေါ်တဲ့ Jungkook ပုံစံကို Jimin ပိုလို့သဘောကျရပါသည်။   သေသေသပ်သပ်ဝတ်ထားတဲ့ suit ကလည်း Jungkook နဲ့အတိအကျကိုလိုက်ဖက်နေပါသေးသည်။

"တစ်ယောက်တည်းလာတာလား? "

"ကျောင်းကနေလာတာလေ... သားတစ်ယောက်တည်းပေါ့။ ကျောင်းကဆရာမတွေပါခေါ်လာရမှာလား?"

"မဟုတ်ပါဘူး ... အိမ်ကနေဘယ်သူမှမလိုက်လာဘူးလားလို့ပါ"

"ဟင့်အင်း"

Jimin ဆီကအိတ်ကိုလွှဲပြောင်းယူရင်း မေးခွန်းလေးနည်းနည်းထုတ်မိပေမဲ့ ပြန်ကန်လာတဲ့အဖြေကြောင့် Jungkook ငြိမ်လိုက်ရသည်။

အပေါ်ထပ်ကပွဲစီစဥ်တဲ့နေရာကို ခေါ်သွားပေးပြီး Mr.Hyungho ဆီခဏအပ်ထားရမည်။ လာရင်းကိစ္စကသူဆိုတာသိပေမဲ့ အချိန်ပေးဖို့အနည်းငယ်အခက်အခဲဖြစ်နေသေးကြောင်း ဓါတ်လှေကားစီးရင်း Jungkook နားချလာရသည်။

"ကျေးဇူးပဲနော် Jungkook"

"ကျေးဇူးပဲနော် ကိုကို"

Mr.Hyungho ကသားဖြစ်တဲ့သူ့ကို ဂရုတစိုက်ခေါ်လာပေးလို့ Jungkook ကိုကျေးဇူးတင်ကြောင်းပြောတာ။ ဒါကိုသူကလိုက်ပြောသေး၏။

Jungkook လည်း Hyungho ကိုပဲတစ်ချက်ပြန်ပြုံးပြပြီး Jimin ကိုတော့ဒီတိုင်းကြည့်ပြီး ထွက်သွားတော့သည်။

အကုန်လုံးကအလုပ်တွေအရမ်းရှုပ်နေကြတာမို့ Jimin တစ်ယောက်တည်းဖြစ်နေသည်။ အတော်များပျင်းဖို့ကောင်းသွားတယ်ထင်ပါ့ ခုံပေါ်တောင်အိပ်ပျော်နေသေးသည်။

"အစ်ကို Hyungho... ပုစိကွေးရော?"

"ဟိုဘက်ကခုံပေါ်မှာ အိပ်မောကျနေလေရဲ့"

"ဟင် အိပ်နေတာလား?"

"ဟုတ်ပါ့ကွာ။ ငပျင်းလေး သူနဲ့စကားပြောမဲ့သူမရှိတာနဲ့အိပ်ပျော်သွားတော့တာပဲ"

Jungkook ထိုစကားကိုလက်ခံသလို ခပ်ချီချီလေးရယ်လိုက်မိသည်။

"အစ်ကို့အခန်းထဲပို့ထားလိုက်ရမလား?"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now