Chapter 27 🐣

2.2K 196 6
                                    

ရင်ခုန်သံပုစိကွေး

Chapter 27 🐣




ဒါရိုက်တာဖြစ်လာပြီးတည်းက Jungkook အတော်လေးအလုပ်များသည်။ အလုပ်,လုပ်နေရရင်ကျေနပ်နေတဲ့သူမို့ ကြီးကြီးမားမားပင်ပန်းရတာမျိုးမရှိပေမဲ့ အလုပ်တွေရှုပ်တဲ့အခါ၊အဆင်မပြေတဲ့အခါမျိုးမှာတော့ အနည်းငယ်စိတ်ပင်ပန်းရ၏။

celebrity တွေနဲ့ဆက်ဆံရတဲ့အခါလည်း တစ်ခါတလေ ကသိကအောင့်ဖြစ်ရတာမျိုး၊ အချိန်မတိကျတဲ့သူမျိုးနဲ့ဆို အချိန်နှောင့်နှေးတာမျိုးတွေလည်းရှိတတ်၏။

ခက်ခဲတဲ့အခြေအနေအချိန်အခါတွေအားလုံးကို သည်းခံဖြတ်ကျော်လာခဲ့ပြီး အနုပညာလောကမှာနာမည်ရလာတဲ့ လူငယ်ဒါရိုက်တာတစ်ဦးအဖြစ် Jungkook ရပ်တည်နိုင်ခဲ့သည်။ ကိုယ်ပိုင်အရည်အချင်း၊ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကသာ Jungkook ရဲ့အောင်မြင်မှုအခြေခံဖြစ်၏။

"ဒါရိုက်တာကြီး လူစုံပါပြီခင်ဗျ"

"ကဲ လူစုံရင်ပစ္စည်းတွေပြင်လို့ရပါပြီ။ အားလုံး ခဏနေရင်စမယ်နော်"

အသက်ငယ်ငယ်နဲ့အောင်မြင်နေတဲ့ Jungkook ကိုမလိုသူတွေလည်းများသည်။ ကုမ္ပဏီပိုင်ရှင်ရဲ့သားနဲ့လက်ထပ်ထားသူမို့ တချို့ကပိုလို့အမြင်မကြည်။

"နောက်ရက်တွေပိုပြီးအလုပ်မရှုပ်စေချင်ရင် ဒီနေ့တစ်ခါတည်းကြိုးစားကြပါ။ အားလုံးမြန်မြန်လေးလှုပ်ရှားကြပါ..."

💌
"ကိုကို  ဘာလို့အခုထိပြန်မလာသေးတာလဲ? သားအရမ်းပျင်းနေပြီ။ အဒေါ်ကြီးကလည်း အိမ်အလုပ်တွေပဲလုပ်နေတယ်။ ဒီလိုမှန်းသိရင် ကိုကိုနဲ့လိုက်သွားပါတယ်... အိမ်မှာနေခဲ့ပြီး ကိုကိုဘာလုပ်နေမလဲ လို့တွေးနေရတာခေါင်းကိုက်တယ်။ ပြီးတော့ သားဗိုက်ဆာနေပြီ"

အလုပ်တွေရှုပ်နေတဲ့ကြားက ဝင်လာတဲ့စာကိုဖွင့်ဖတ်ရသေးသည်။ စာဖတ်ပြီးတာနဲ့ ချက်ချင်းဖုန်းပြန်ခေါ်ရတာကလည်း အလုပ်တစ်ခု။

တိန်းးးးးတောင်!

"ဟယ်လို ကိုကို! ဘယ်တော့ပြန်လာမှာလဲဟင်?"

ဒီကောင်လေးကအရမ်းသရုပ်ဆောင်ကောင်းတာပဲ။ အသံကြားရုံနဲ့အိမ်အမြန်ပြန်ပြေးသွားချင်အောင် ပြောတတ်တယ်။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now