Chapter 16 🐣

2.2K 214 4
                                    

ရင်ခုန်သံပုစိကွေး

Chapter 16 🐣



"ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အမေရဲ့!"

Jungkook တို့အိမ်တွင် ပွဲဆူနေသည်။
Mr.Subin နဲ့ Jungkook တို့စကားအချေအတင်များကြတော့မည်ဖြစ်သော်လည်း Sungkook ကဘာကိုမှကြားဝင်မပြော။

"ဘာလို့မဖြစ်နိုင်ရမှာလဲ? ... ဒီကိစ္စကအခုမှထပြီးရုတ်တရက်ဖြစ်လာတာလည်းမဟုတ်ဘူးလေ သားရယ်။ ဟိုးအရင်တည်းက သားသိထားပြီးသားပဲကို"

"မတူဘူးလေ အမေရဲ့။ ကလေးတစ်ယောက်ပူဆာတာနဲ့ လူကြီးတွေရဲ့တောင်းဆိုမှုကလုံးဝကိုမတူတာ..."

"ဒီတော့  သားကပုစိကွေးကိုလက်မထပ်နိုင်ဘူးဆိုတဲ့သဘောလား?"

ဒီအချိန် ဒီမေးခွန်းအတွက် Jungkook မှာအဖြေမရှိပါ။ အခုမှ၁၃နှစ်သာရှိသေးသောကလေးတစ်ယောက်အတွက် သူ့ခံစားချက်အစစ်အမှန်ကဘာဆိုတာ သူကိုယ်တိုင်နားမလည်။

ပူဆာပြီးဂျီကျတတ်တဲ့ကလေးမို့ အလိုလိုက်အကြိုက်ဆောင်ပေးတာမျိုးကလွဲရင် တခြားခံစားချက်တစ်စုံတစ်ရာခံစားဖူးရဲ့လားလို့ တခဏတော့သူပြန်တွေးနေမိသည်။

"သားဘာတွေစဥ်းစားနေတယ်ဆိုတာ အမေသိပါတယ်။ ဒါပေမဲ့ အခုကစေ့စပ်ရုံလေးပဲလေ။ သူအရွယ်ရောက်လာလို့ စိတ်ပြောင်းသွားတဲ့အခါကျ ဒါကအကျုံးဝင်တော့မှာမှမဟုတ်တာ"

Jungkook အကြည့်တွေကပိုပြီးလေးနက်သွားသည်။ သူတွေးနေတဲ့အချက်တွေထဲမှာ ဤအရာလည်းပါ၏။

အခုချိန်မှာ အသည်းအသန်ဖြစ်နေပေမဲ့ တချိန်ချိန်မှာများ အဲ့ကလေးစိတ်ပြောင်းသွားလေမလားပေါ့...။

"အခုချိန်ထိသူ့စိတ်တိုင်းကျလုပ်ပေးလာခဲ့တာပဲ ငါ့ညီရာ... ။ အဲ့ကလေးအကြောင်းကိုငါတို့အားလုံးထက်မင်းကပိုသိပါတယ်... သေချာစဥ်းစားပြီးမှအကြောင်းပြန်ပေးလိုက်ပေါ့ကွာ"

Sungkook ဝင်ပြောလာတဲ့စကားကို Jungkook အသေအချာနားထောင်ခဲ့ရပါသည်။
တွေဝေသွားတာမျိုးမဟုတ်ပေမဲ့ ထိုစကားဝိုင်းကနေ ထလာခဲ့လိုက်တော့၏။

အမေနဲ့အစ်ကိုဖြစ်သူတို့နှစ်ယောက် ဧည့်ခန်းထဲကျန်ခဲ့ပြီး Jungkook အိမ်ပေါ်ထပ်တက်သွားတာကိုသာလိုက်ကြည့်နေမိကြသည်။

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now