Chapter 22 🐣

2.3K 215 16
                                    

ရင်ခုန်သံပုစိကွေး

Chapter 22 🐣





ရယ်မောသံတွေစဲပြီးတဲ့နောက်  ခန်းမကျယ်ထဲအတော်လေးငြိမ်လျက်ရှိသည်။

Jungkook ကအဖြူရောင်ဝတ်စုံပြည့်ကိုဝတ်ထားပြီး ခန်းမရဲ့အရှေ့ဆုံးကနေစောင့်‌ရသည်။
ခန်းမအဆုံးကနေတံခါးပွင့်ပြီး  သူ့ဆီလျှောက်လှမ်းလာမဲ့သူကို ကြိုနေရပုံပေါ်၏။

ကောဇော်နီထက်ဘယ်သူလှမ်းလာမယ်ဆိုတာသိလျက်  Jungkook ရင်တွေတလှပ်လှက်ဖြစ်နေသေးသည်၊ အေးစက်လာတဲ့လက်ဖျားတွေနဲ့ စေးကပ်ကပ်ဖြစ်လာတဲ့လက်ဖဝါးတွေကို အချင်းချင်းရောယှက်လို့ စိတ်ဖြေနေသည်။

သတို့သားငယ်လေး ဝင်လာလို့ရပါပြီခင်ဗျာ!

ဆိုတဲ့စကားနဲ့အတူ ခန်းမတံခါးပွင့်သွားသည်။
လူနဲ့မလိုက်အောင် ဝတ်ပုံစားပုံကလူကြီးဆန်နေပေမဲ့ Park Jimin ဖြစ်နေတာမို့တစ်မျိုးလေးချစ်ဖို့ကောင်းနေပါသေးသည်။ Jungkook နဲ့ဆင်တူတဲ့အဖြူရောင်ဝတ်စုံပြည့်ကိုဝတ်လို့ ကောဇော်နီပေါ်ဖြတ်ပြီး Jungkook ရှိရာလျှောက်လှမ်းလာနေ၏။

လူကြားထဲကသြဘာသံတွေကိုသဘောကျပြီး ဟိုလူဒီလူအပြည့်ကိုလိုက်ကြည့်နေတော့တာ မျက်စိရှေ့က Jungkook ကိုတောင်မမြင်တော့သလို။

Park Hyungho  အတွက်ကတော့ ၄မိနစ်လောက်ထိုနေရာမှာ ရပ်စောင့်နေခဲ့တဲ့ Jungkook ဆီ သားဖြစ်သူကိုပေးရပါတော့မည်။

တစ်ဖက်ကကမ်းနေတဲ့လက်ပိုင်ရှင်က Jungkook ဖြစ်နေပါဦးတော့ ဖခင်တစ်ယောက်၊မိဘတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောရင်သွေးလေးကို မပေးလိုက်ချင်။

"အစ်ကို ... "

အကြာကြီးရပ်နေတဲ့ Hyungho ကို Jungkook ကပဲသတိကပ်စေလိုက်သည်။

ဒီတော့မှ ဝဲတက်လာတဲ့မျက်ရည်စတွေကို မျက်တောင်နဲ့ပုတ်ခတ်လို့အတင်းပြန်ရုတ်တော့သည်။

သားဖြစ်သူရဲ့လက်လေးကို Jungkook လက်ထဲထည့်ပေးရင်း...   "Jungkook-ah...။ အစ်ကို့သားလေးကအရမ်းဆိုးတယ်၊မလိမ္မာဘူး၊စကားလည်းနားမထောင်ဘူး၊ခဏခဏဂျီကျတတ်တယ်..."

Jungkook ကသူသိပါတယ်ဆိုတဲ့သဘောနဲ့ ခေါင်းလေးတငြိမ်ငြိမ့်....

"သူအရမ်းဆိုးတာတွေမလိမ္မာတာတွေကိုသည်းမခံနိုင်တော့တဲ့အခါပဲဖြစ်ဖြစ်၊ စကားနားမထောင်ဘဲဂျီကျတာကိုစိတ်မရှည်တော့တဲ့အခါပဲဖြစ်ဖြစ် သူ့ကိုဒေါသမထွက်ပါနဲ့ ။ အဲ့လိုအချိန်တွေမှာ မင်းမတတ်နိုင်တော့ဘူးဆိုရင် အစ်ကို့သားလေးကိုအစ်ကိုတို့ဆီကိုပဲပြန်ပို့ပေးပါ  တောင်းဆိုပါတယ်"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now