Part 3

3.9K 149 6
                                    

"သက်ပိုင်ရေ....လာတော့လေ"

  ယောသံဝဲဝဲကလေးဖြင့် သူ့ကိုခေါ်ရင်းပြုံးပြနေသည့် မပန်းရုံသည်မြင်သူတိုင်းကိုစိတ်အေးချမ်းစေနိုင်ပါသည်။မနက်ကလိမ်းထားပုံရသောသနပ်ခါး ပါးကွက်ကလေးသည်လည်း ချွေးတွေကြောင့်ထင်ပျက်လုလုသာကျန်ရှိတော့သည်။သူလမ်းထက်ကိုဆင်းသွားရင်း မပန်းရုံလက်ထဲမှဆွဲခြင်းလေးအားဆွဲယူလိုက်သည်။

"အာ...ရပါတယ်မလိုပါဘူး"

"...….."

"ကျေး...ကျေးဇူး"

ပြေပြစ်သောကိုယ်ဟန်နေထားဖြင့် ဘာပကာသနမှမပါပဲ ယဉ်ယဉ်ကလေးဖြင့် သိပ်လှနေသောဆရာမလေးတစ်ယောက်နှင့်ဘေးမှခြင်းလေးဆွဲ၍ ပြုံးရယ်နေသောအမျိုးသားလေးတို့နှစ်ယောက်သား ကျွန်းပင်တန်းတို့ဘေးလမ်းကလေးပေါ်တွင်အတူလျှောက်လာရင်းစကားပြောနေကြသည့်မြင်ကွင်းသည် မြင်ရသူတိုင်းကိုစိတ်အေးချမ်းစေပါလိမ့်မည်။သူတို့မမြင်နိုင်သည့်မှင်သေသေမျက်လုံးတစ်စုံကလွဲရင်ပေါ့။

"ကျစ်....မြင်ပြင်းကပ်စရာပဲ! "

မပန်းရုံတို့အိမ်က ခြံဝင်းကျယ်ကျယ်နှင့်နှစ်ထပ်တိုက်အိမ်ဖြစ်သည်။ခြံဝင်းထဲဝင်သွားကြတော့ ခြံထဲတွင်ပေါင်းမြက်တို့ကိုပေါက်ပြားတစ်လက်ဖြင့်ရှင်းနေသောကောင်လေးတစ်ယောက်ကိုတွေ့ရသည်။သူ့အနားတွင်တော့လူကြီးတစ်ယောက်က ထိုင်ခုံတစ်လုံးချ၍ထိုင်နေပြီးလက်ထဲတွင်လဲ စာအုပ်ထူကြီးတစ်ခုကိုတွေ့ရသည်။

"အဖေ"

မပန်းရုံရဲ့ခေါ်သံကြားတော့ထိုသူကအေးအေးဆေးဆေးပင်ထလာပြီးသူ့ကိုပြုံးပြလာသည်။

"အဖေ.....ဒါပန်းရုံဟိုနေ့ကပြောပြထားတဲ့ ဆရာလေးနာမည်ကနွေးသက်ပိုင်"

"တွေ့ရတာဝမ်းသာပါတယ်....လာလာမောင်ရင်..ပန်းရုံပြောပြထားလို့ အိမ်မှာရှယ်ချက်ခိုင်းထားတယ်"

"ဟုတ်..ကျေးဇူးပါဗျ"

ထိုအချိန်တွင်သူတွေးမိသွားသည် မပန်းရုံကအဖေတူလို့နေမယ်၊ဒါကြောင့်သဘောကောင်းပြီး ခင်မင်စရာသိပ်ကောင်းနေတာ။

"ဟိုကောင်....ထမင်းစားမယ်သွားရေမိုးချိုးတော့...နောက်တစ်ခါဆို ဒီထက်ဆိုးမယ်မှတ်"

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now