Part 19

2.2K 123 7
                                    

Unicode

"နေစိုင်းနောင်!!! "

"နေလတ်မောင်မောင်!!! "

ဆောင်းညအေးအေးတွင် သက်ရှိနှစ်ဦးသည် ဆောင်းလေနှင့်အပြိုင် တင်းမာအေးစက်မှုတို့ဖြင့်။ ဘေးနားမှမီးပုံကလေးပင်သိမ်ငယ်သွားရလောက်သည်။သူတို့တကယ်ရော အေးစက်ကြပါရဲ့လား။

စိုင်းနောင်သည် သူ့ရှေ့မှ မျက်လုံးအပြူးသားဖြင့် နေလတ်အား နင့်နင့်နဲနဲစိုက်ကြည့်လိုက်သည်။သူဒီလူကို တကယ်ရောမုန်းပါရဲ့လား။လွန်ခဲ့သည့် လေးနှစ်က ဒီဇင်ဘာပိတ်ရက်မတိုင်ခင်တစ်ညတွင် သူဒီလူ့ထံပါးသို့ ခိုဝင်သက်ဆင်းခဲ့သည်။ဟိုဘက်ကမူးနေ၍ အနိုင်ကျင့်ခံလိုက်ရသည်ဟူ၍တော့ မသုံးနှုန်းချင်ပါ။သူကိုယ်၌က လိုလိုလားလားပင် အပ်နှင်းခဲ့သည်မလား။အဲဒီဆောင်းညက အသည်းခိုက်အောင်အေးနေပေမယ့်လည်း အခန်းငယ်လေးတစ်ခုထဲတွင်တော့ ရာဂမီးတို့တောက်လောင်လျက် သူတို့နှစ်ဦးသား နွေးထွေးနေခဲ့ကြသည်မဟုတ်လော။သို့သော်…သို့သော်ဒီလူဟာ ဘာကိုမျှမမှတ်မိပါပဲ ခပ်တည်တည်ပင်သူ့ကိုဘာတစ်ခုမျှလည်းမေးမြန်းခြင်းမရှိပါဘဲ ထွက်ခွာသွားခဲ့သည်။သူဘာတွေကိုများ မျှော်လင့်နေမိခဲ့သည်နည်း။

"နောင်အစ်ကိုမသိခဲ့"

စိုင်းနောင်၏ မဲ့ပြုံးသည်ပုံစံမပျက်မျက်နှာပေါ်တွင်ဆက်ရှိနေသေးသည်။သူ့မျက်ဝန်းအိမ်ထက်မှ မျက်ရည်တို့ တလိမ့်ချင်းစီကျဆင်းလာပုံမှာ ချောင်းရေကြည်လေးစီးဆင်းနေသကဲ့သို့ သူ့အသားအရောင်နှင့်လိုက်ဖက်လွန်းလှစွာ။

"ဟမ့်!  ခင်ဗျား သိဖို့ရောကြိုးစားခဲ့လို့လား"

"ဒါပေမယ့် အစ်ကို့ကိုပြောခဲ့‌ရင်"

"ဘာလဲ!! ပြောခဲ့ရင်ဘာလဲ ကျုပ်ကဘာတွေများပြောရမှာလဲ ခင်ဗျားနဲ့ကျုပ်နဲ့ညကဖြစ်ခဲ့ပါတယ်လို့လား"

"နောင်…မဟုတ်…"

"ဒါမှမဟုတ် ထွက်သွားတော့မယ့်ခင်ဗျားကို…မသွားပါနဲ့ကျုပ်ကိုတာဝန်ယူပါဆိုပြီး ငိုပြရမှာလား…အဲ့လိုလုပ်ပြခဲ့ရင် ခင်ဗျားက ဘာလုပ်မလို့လဲ…နေလတ်မောင်မောင်ရဲ့ ခင်ဗျားကျုပ်ကို ဘယ်တုန်းကမှမလေးစားခဲ့ဘူး…ဘယ်တုန်ူကမှလည်းသဘောမကျခဲ့ဖူးဘူး…ကျုပ်ဆိုတာ စိတ်ရှုပ်စရာ ပညာမတတ်လို့ ခင်ဗျားဘေးမှာ တောက်တိုမယ်ရလုပ်နေရတဲ့ကောင် အဲ့တော့ခင်ဗျားကြိုက်သလိုလုပ်ခွင့်ရှိတယ် အဲ့လိုမလား ဟားဟားဟား ခင်ဗျားအရူးပဲ အရူး"

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now