Part 6

3.4K 139 10
                                    

Unicode

"ဟိုနှစ်ကောင် တိုးတိုး တိုးတိုးနဲ့ ဘာပြောနေကြတာလဲ…ဒါစာသင်ချိန်နော်"

"ဘာမှမပြောပါဘူး ချယ်ရဲ့…ဟေ့ကောင်သက်ထက်မင်းငါတို့ဘာပြောလို့လဲ"

"ဟုတ်ပါတယ် ဘာမှမပြောပါဘူးလို့ အဟဲ"

သံသယမျက်လုံးများဖြင့် တစ်ချက်စိုက်ကြည့်ကာ လှည့်ထွက်သွားသော ဆရာမ။လေးရုံနှင့် သက်ထက်မင်း စာရေးခုံအောက်တွင် လက်ဝါးချင်းရိုက်လိုက်ကြသည်။

ခဏနေတော့ အတန်းထဲတွင် တီးတိုးပြောဆိုသံများဖြင့်ပြည့်နှက်သွားတော့သည်။တစ်ချို့က ခိုးရယ်နေကြပြီး တစ်ချို့ကပြောရနိုးနိုး မပြောရနိုးနိုးတွေဝေနေကြသည်။

"ဘာရယ်နေကြတာလဲ …စာသင်နေတာသေချာနားထောင်…တစ်ချို့သူတွေလည်း တစ်နှစ်ကနေ နှစ်နှစ်၊နှစ်နှစ်ကနေ သုံးနှစ် ငါနင်တို့ကိုဆက်မမြင်ချင်ဘူးနော်"

ထိုစကားကိုကြားတော့ တစ်ခန်းလုံး နောက်ဆုံးခုံထောင့်မှ လေးရုံအားကြည့်လာကြသည်။သို့ပေမယ့် ပေါ်တင်တော့မဟုတ် မသိမသာခိုးကြည့်ခြင်းသာ။

"ဟို…ဟိုလေ ဆရာမ"

"အေး သမီးမြရီ ပြောလေ"

"ဘာမှမဟုတ်တော့ပါဘူး ဆရာမ"

"အေ"

မရှေးမနှောင်းမှာပင် ကျောင်းသားတစ်ယောက်၏ အသံကအခန်းအတွင်း အောင်မြင်စွာထွက်ပေါ်လာသည်။

"ချယ်…ချယ့်ရဲ့ဖော်ကင်မှာ"

"ဘာတုန်း ဖော်ကင်က
ဖော်ကင်……
ဖော်ကင်……
ဖော်……"

ရုတ်တရက် နားလည်သွားဟန်ဖြင့် နောက်တွင်ကပ်နေသော စာရွက်ပိုင်းကလေးအားဆွဲယူလိုက်သည်။စာရွက်ပေါ်တွင် 😍ပုံစံemoje အားဆွဲထားပြီး ပုံအောက်တွင် ရော့ချယ့်အတွက်ကျွန်တော့်ရဲ့အချစ်တွေဟုရေးထားသေးသည်။

ဒေါ်မြစန်း၏ မျက်နှာမှာ ငရုတ်ပွသီးကြီး မှည့်လာဘိသကဲ့သို့ တမုမဟုတ်ချင်းနီရဲလာလေသည်။

"ဘယ်သူလဲ…ဘယ်ကောင်လက်ကမြင်းတာလဲ"

လေးရုံ သူမဟုတ်သလို လေကလေးချွန်၍ အပြင်ဘက်သို့လှည့်လိုက်သည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now