Part 4

3.8K 149 3
                                    

Unicode

ဒီနေ့က သက်ပိုင်ပထမဦးဆုံးစာစသင်ရမည့်နေ့။စိတ်မလှုပ်ရှားဘူးဆိုရင်လိမ်ရာကျမည်ပေါ့။သက်ပိုင်ကစာသင်နှစ်တစ်ဝက်ပြီးမှရောက်လာသည့်အတွက် သင်ခန်းစာကလည်းတစ်ဝက်ကျော်မှစသင်ရသည်။ယခုကသိပ္ပံချိန်။ကလေးတွေဆိုတော့လည်း စာသင်ချိန်ကများများစားစားမရှိပါချေ။သိပ္ပံချိန်ကမုန့်စားချိန်ပြီးမှဖြစ်သည်။

"တိုင်…တိုင်"

ကျောင်းတက်ခေါင်းလောင်းသံကြားတော့ ဒုတိယတန်းဆောင်ဘက်သို့ထွက်လာခဲ့လိုက်တော့သည်။ဘာလား……အတန်းထဲမဝင်ခင်ကတည်းကကြားနေရသည့် တဒုန်းဒုန်းတရုန်းရုန်းဆူညံသံတွေက။တံခါးဝသို့အရောက် သူပါးစပ်ပင်အဟောင်းသားဖြစ်သွားရတော့သည်။

စာသင်ခန်းထဲတွင် ပြေးလွှားနေကြသော ကလေးများ။တစ်ချို့က တံခါးထုတ်တန်းတွေပေါ်မှာ…တစ်ချို့စာရေးခုံတွေပေါ်မှာ…တစ်ချို့ကသင်ပုန်းကြီးပေါ်မှာပုံတွေလျှောက်ဆွဲနေကြသည်။ထိုကလေးများကိုကြည့်နေရင်း တိရစ္ဆာန်ရုံထဲမှမျောက်ခြံကြီးအား နောက်တစ်ကြိမ်မျက်ဝါးထင်ထင် မြင်လိုက်ရဘိသကဲ့သို့ သူခံစားလိုက်ရသည်။

"အဟမ်း!…အဟမ်း!!"

ကလေးတွေတိတ်သွားအောင် ချောင်းဟန့်လိုက်သော်လည်း အချည်းနှီးသာ။ထို့ကြောင့် သူဆရာစာရေးခုံပေါ်သို့ စာအုပ်တွေကိုတင်လိုက်ကာ ခုံကိုဝါးဒုတ်အသေးလေးဖြင့်နှစ်ချက်လောက်ဆင့်ရိုက်၍ အသံပေးလိုက်လိုက်သည်။ထိုအခါမှ ကိုယ့်နေရာကိုယ်အပြေးပြန်ထိုင်ပြီး သူ့ကိုပြူးကြောင်ကြောင်ကလေးဖြင့်ကြည့်နေကြသေးသည်။

"ကယ် …သားတို့သမီးတို့အားလုံးပဲမင်္ဂလာပါ"

ထိုအခါမှနားလည်သဘောပေါက်သွားကြဟန်ဖြင့်…

"မင်္ဂလာပါ ဆရာကြီး"

"ဟုတ်ပြီ…ဆရာ့ကိုသိကြရဲ့လား"

"မသိပါဘူး"

"ဆရာ့နာမည်က နွေးသက်ပိုင်…သားတို့သမီးတို့ကိုစာသင်ပေးဖို့ ရောက်လာတာ"

"ဟို…ဟိုလေ ဆရာ"

သူစကားပြောနေစဉ် ထွက်ပေါ်လာသည့်အသံပိစိလေး။သူမေးလေးဆတ်၍ ပြောဟူသည့်အမူအရာအားပြလိုက်တော့ မဝံ့မရဲလေသံကလေးဖြင့်

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now