Part 11

2.7K 103 8
                                    

Unicode

ဆေးဆရာပြန်သွားတော့မှ သူလေးရုံ၏ နဖူးအား လက်ဖမိုးဖြင့် အသာဖိကပ်လိုက်သည်။တော်ပါသေးရဲ့ အဖျားကျသွားလို့။

"သားနွေး မေ‌မေဆန်ပြုတ်သွားချက်လိုက်ဦးမယ်…အငယ်လေးနဲ့နေခဲ့ကြဦး"

"ဟုတ်ကဲ့ မေမေထား"

ဒေါ်ထားသက်ရီ ထွက်သွားတော့ အခန်းးတွင်းလေထုက တိတ်ဆိတ်သွားပြန်သည်။သေချာပါသည် လေးရုံတစ်ခုခုကိုအလိုမကျဖြစ်နေပါသည်။တိုးဝှေ့တိုက်ခတ်လာသော လေပြေကလေးနှင့်အတူ လိုက်ပါကခုန်နေသော မိုးပြာရောင် ဇာခန်းဆီးပုဝါကလေးကိုသာ သူအကြောင်းအရင်းမရှိ စိတ်ပါဝင်စားစဖွယ် သင်္ချာပုစ္ဆာတစ်ပုဒ်ကဲ့သို့ ကြည့်နေမိသည်။လေတိုးသံမှတပါး အခြားမရှိသောအခန်းထဲတွင် သက်ပြင်းချသံက ကျယ်ကျယ်လောင်လောင်မဟုတ်သော်ငြား ကြည်လင်ပီသစွာပေါ်ထွက်လာသည်။

လေးရုံ သက်ပိုင်အားကြည့်နေရင်းမှ သက်ပြင်းချလိုက်သည်။သူဘာတွေလုပ်‌ေနမိသည်လဲ။ဆရာနွေး သူ့ကြောင့်မျက်နှာညှိုးနေရချေပြီ။သို့ပေမယ့် ဆရာနွေးဖုန်းထဲမှ အမျိုးသမီးတစ်ယောက်၏အသံ။ထို့ထက်သူ့ကိုပို၍ ကသိကအောက်ဖြစ်စေသည်က "အင်း ကောင်း ကောင်းပါတယ်"ဆိုသည့်စကား ။ဘာအဓိပ္ပါယ်များလဲ။သူတကယ်မလိုချင်ပါ ဆရာနွေးကိုအသွေးအထဲအသားထဲအရိုးထဲထိနင့်နေအောင် တွယ်တာမိခါမှ လက်လွှတ်ဆုံးရှုံးသွားရမည့်အဖြစ်မျိုး။

"ဆရာနွေး"

"ဟင်"

ဒီလို အမူအရာ၊ဒီလိုအပြုံးတွေနဲ့ ဆရာနွေးကို သူဘယ်လိုစိတ်နဲ့များ ပစ်ပယ်ထားနိုင်မည်နည်း။သူပြုံးလိုက်သည် ဆရာနွေးလိုပါးချိုင့်ခွက်တွေမရှိပေမယ့် မြတ်နိုးခြင်းတွေရှိတာမို့ စိတ်အေးချမ်းသာမှုတော့ပေးစွမ်းနိုင်ကောင်းပါရဲ့။

"ကျွန်တော် ဗိုက်ဆာတယ်"

"အင်း ခဏနေဆန်ပြုတ်ကျက်ရင် ယူလာပေးမယ်နော်"

သူ့စိတ်တို့ ပြန်လည်ကြည်လင်လာသည်။ထို့နောက်ပေါ့ပါးသော ခြေလှမ်းများဖြင့်
မီးဖိုခန်းထဲသို့ ဝင်လိုက်သောအခါ ဆန်ပြုတ်အိုးချနေသော မေမေထားကိုတွေ့ရသည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now