Part 23

2.4K 75 2
                                    

Unicode

"ဟင့်အင်း လာဝူး လာဝူး လာယင် မေမေက ရိုက်မှာ"

သက်ညိုလေးသည် စကားကိုမပီကလာပီကလာလေး ပြောဆိုရင်း သူ့နောက်သို့ဝင်ပုန်းလာသည်။ထိုကြောင့် သူကလေးရှေ့တွင် ရပ်လိုက်ကာ သူတို့အနားသို့ လာနေသည့် ကင်းစင်အားပြုံးပြလိုက်သည်။

"ကင်းစင် ကလေးကိုအော်ပြန်ပြီလား"

"ဘာကလေးလဲ...ဘာကလေးမှမဟုတ်တော့ဘူး...နင့်သားကိုကြည့်ဦး လူကြည့်တော့ နှစ်ပေကျော်နဲ့ ချစ်ကြိုက်ကြောင်းတွေပြောတတ်နေပြီ"

"ဟော...သက်ညိုလေး မေမေပြောတာဟုတ်လား"

"ဟုတ်ပါဝူး သက်ညိုလေးမပြောဝူး မေမေက ဗရိုင်းကြီး သက်ညိုလေးကို ရိုက်မယ် ချိုပြီး ကြောတာ ‌မေမေက ကြောက်ချရာကြီး...မေမေချိတ်ပုတ် "

"ဘာ...နွေးသက်ညို နင်လာခဲ့စမ်း!...သက်ပိုင်နင်ဖယ် နင်ကလေးကို ကာဆီး ကာဆီးမလုပ်နဲ့"

"ကယ် ကင်းစင် နင်နေမကောင်းဘူးမို့လား...ဘာလို့လျှောက်အော်နေတာလဲ သွားသွား အိမ်ထဲပြန်ဝင်တော့"

"ဟွန့်"

ကင်းစင်က နှာတစ်ချက်မှုတ်ကာ အိမ်ထဲပြန်ဝင်သွားသည်။သူကတော့ ဘေးမှကလေးအား ချီကာပွေ့ထားလိုက်သည်။သားလေးမှာ မည်သူ့ကိုတူမှန်းမသိ ၊အသားအရေမှာ ဖြူဥနေကာ လက်ဖျားထိပ်ကလေးများနှင့် ပါးနှစ်ဖက်တို့မှာ ပန်းရောင်ကလေးသန်းနေသေး။ပြီးနောက် သူနှင့်ကင်းစင်ကဲ့သို့ ပါးပြင်ပေါ်တွင် ပါးချိုင့်ခွက်နှစ်ဖက်က ထင်းထင်းကြီးပေါ်လျက်ရှိသည်။စကားတတ်ချက်ကလည်း သုံးနှစ်ကျော်ဟုပင်မထင်ရ

"မေမေချိတ်ပုတ်!(မေမေစိတ်ပုတ်)
မေမေချိတ်ပုတ်!
မေမေချိတ်ပုတ်တယ်ရို့"

"သက်ညိုလေး တော်တော့ "

"ဖေဖေ သော်ရယ်"(ဖေဖေတော်တယ်)

"ဟင် ဘာကိုတော်"

"တိဝူး တားဖေဖေမို့သော်ယာ"

"ဟား ဟား ဟား ဟား"

*သာယာတဲ့မိသားစုလေးဖြစ်ပါစေ*

အကြင်သူ၏ စကားသံများသည် သူ့အတွေးအာရုံထဲ တဝဲလည်လည်။ဒီအချိန် သူဘာတွေများလုပ်နေလောက်မည်လဲ။သူ့ကိုရော စိတ်နာနေမည်လား။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now