Part 16

2.3K 87 5
                                    

Unicode

"အော် သက်ပ်ိုင်ကမှာသွားသေးတယ်"

"ဘာမှာသွားတာ"

"စာရေးခုံပေါ်မှာ မုန့်ထားပေးထားတယ်တဲ့"

"အေး"

သူဇဝေဇဝါဖြင့် အခန်းတွင်းသို့ပြန်ဝင်သွားလိုက်သည်။ဆရာနွေးက ဘာလုပ်ဖို့ မုန့်ကို။စာရေးခုံပေါ်တွင် ချထားသောချောကလက် ဗူးကလေး။ဖဲကြိုးအနီလေးဖြင့်ပတ်ထားပြီး အသည်းပုံစတစ်ကာလေးကပါလိုက်သေးသည်။ဘာလေးတုန်းဟ။

"ဟင်"

သူဗူးကိုမယူလိုက်သောအခါ တွေ့လိုက်ရသည့် ဗူးအောက်မှ စာရွက်ခေါက်ကလေး။သူမြန်မြန်ပင်ဖွင့်ဖောက်ဖတ်လိုက်သည်။

[အဟမ်း မြတ်လေးကိုယ်အစက အနည်းငယ်လေးရှက်နေပေမယ့် ။အမ် မဟုတ်သေးပါဘူး…ဟိုစာမေးပွဲအောင်မှ ဆိုတာလေ ကိုယ်ကမင်းကို စာမေးပွဲအောင်အောင်မအောင်အောင် ချစ်တာမို့လို့ မြတ်လေးအတွက်လည်းအံ့ဩစရာဖြစ်သွားအောင် ကိုယ်မြတ်လေးကို ကိုယ့်ရဲ့သက်ဆိုင်သူအဖြစ် အသိအမှတ်ပြုလိုက်ပါပြီ ချစ် အာမဟုတ်သေးပါဘူး မြတ်လေးပျော်တော့နော်……]

စာကိုဖတ်နေရင်း သူ့မျက်နှာသည် တစထက်တစ ပို၍ပြုံးပျော်လာသည်။ဝမ်းသာမှုကြောင့် စာရွက်ကိုပင်မြဲမြဲမကိုင်နိုင်တော့လောက်အောင် လက်ဖျားတွေတဆတ်ဆတ်တုန်ခါနေကြသည်။စီးကျလာသည့်မျက်ရည်များအား ဖိသုတ်လိုက်ပြီး ချောကလက်ဗူးနှင့်စာရွက်အား လက်တွင်ပိုက်ကာ ချောင်းဘက်သို့ အပြေးကလေးလှမ်းလာမိတော့သည်။‌တွေ့ရပါပြီ ချောင်းစပ်နားတွင်ထိုင်နေသည့် စိမ်းနုရောင်အရိပ်ကလေး။

"ဆရာနွေး"

သူခေါ်တာက်ိုလှည့်မကြည့်ပဲ ထိုင်မြဲထိုင်နေသောကြောင့် အနားသို့ကပ်သွားလိုက်ပြီး ခန္ဓာကိုယ်အားဆွဲလှည့်လိုက်သော်လည်း မျက်နှာကိုအခြားတဖက်သို့ လှည့်ထားနေသေးသည်။ဆိုတော့ ဒါကရှက်နေတာပေါ့လေ။

"မြတ်လေးကိုယ့်ကို အတင်းကြီးမဆွဲနဲ့ကွာ"

"ဆရာနွေး စာထဲကဟာက…"

သူစကားပင်ဖြောင့်အောင် ပြောနိုင်စွမ်းရှိမနေပါချေ။ဆရာနွေးကပင် ခေါင်းလေးညိတ်ပြလာသည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now