Part 10

2.8K 105 4
                                    

Unicode

ပြာမှုန်များကို ကန်ကျောက်နေရင်းမှ နားစည်အတွင်းမှတစ်ဆင့် နှလုံးသည်းခြေအထိ နစ်ဝင်သွားစေသောအသံကြည်ကြည်ကြောင့် ကိုယ်ရှိန်ကိုသတ်လိုက်ရသည်။ကျောင်းဆောင်ပေါ်မှ ဆရာနွေးကသူ့ကို လက်လှမ်းပြနေသည်။ဟုတ်သည် ရေအိုင်ငယ်လေးများနှင့် ဖွဲ့စည်းထားသည့် အပြုံးဟာ ဘယ်လိုပုံစံနှင့်ပဲဖြစ်ပါစေ ဘယ်လိုအချိန်မှာပဲဖြစ်ပါစေ ကြည့်ကောင်းနေဆဲ။ရုန်းထွက်လေလေ ပိုနစ်လေလေ သမုဒယတရားကလေးပါပင်။

"မြတ်လေး……ဘာလုပ်‌နေတာတုန်းကျောင်းတက်တော့မယ်လေ"

"အာ အရေးကြီးကိစ္စရှိလို့ပါဗျာ"

"ဘာကိစ္စလဲ အရမ်းအရေးကြီးနေလို့လား"

သူဆရာနွေးရှိရာဆီသို့ ပို၍နီးကပ်အောင် သွားလိုက်သည်။

"သေချာပေါက် ပေါ့ဗျာ"

ထိုသို့ဆို၍ သူဆရာနွေး၏ မျက်နှာအစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို အသေးစိတ် ကြည့်နေလိုက်သည်သွေးကြောစိမ်းကလေးများ‌ ရေးရေးပေါ်နေသည်အထိ ဖြူဖွေးနေတတ်သည့် ပါးပြင်။နှာတံစင်းစင်းကလေး သွယ်တန်းသွားရာတစ်လျှောက် လိုက်ကြည့်မိတော့ ချယ်ရီရောင် နှုတ်ခမ်းလွှာတွေသည် တကယ့်အလင်္ကာ။မျက်တောင် စိတ်စိတ်ကလေးများကို ရေတွက်ရန်ကြိုစားကြည့်ဖူးသည်။သို့သော်ဘယ်တော့မှ မအောင်မြင်။အညိုရောင်မျက်ဝန်းတွေနဲ့အတွေ့မှာ သူဟာအရာအားလုံးကိုမေ့လျော့သွားတတ်ခြင်းသည် လိုလိုလားလားပါပင်။

"ဟိုလေ မြတ်လေး အရေးကြီးကိစ္စကဘာလဲ"

"ပြီးသွားပြီ"

"ဟင်"

"အရေးကြီးကိစ္စက လုပ်ပြီးသွားပြီ"

"ဘယ်တုန်းက……"

"အခုပဲလေ"

သူပြောပြီး ပြေးထွက်လာခဲ့လိုက်ပုံမှာ မည်မျှသရုပ်ပျက်နေသလဲတော့မသိ လမ်းတွင်တွေ့ရသော ကွန်ပြူတာဆရာမ၏ အကြည့်စူးစူးတစ်ချက်ကို မျက်လုံးထောင့်စွန်းမှ ရိပ်ခနဲမြင်လိုက်ရသည်။

*********

‌‌လေးရုံတစ်ယောက် ဒုန်းစိုင်းကာပြေးထွက်သွားတော့ အူကြောင်ကြောင်ကျန်ခဲ့ရသူက ထုံးစံအတိုင်း နွေးသက်ပိုင်ပါပင်။ဘာလို့ ဒီကောင်ငယ်လေးနှင့် ဆိုလျှင် အူကြောင်ကြောင် ဖြစ်သွားတတ်မှန်းသူနားမလည်နိုင်သလို နားလည်ဖို့ရန်လည်းမလိုအပ်ဟုခံယူထားသည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Dove le storie prendono vita. Scoprilo ora