Part 7

3.2K 128 4
                                    

Unicode

ဆောင်းဦးလေသည် စိမ်းဖန့်ဖန့်အရောင်အဆင်းရှိသော ရွက်နုမဟုတ်သော ရွက်ရင့်ကလေးများအား ကလူကြီစယ်ဟန် တစ်ချက်ဖြတ်တိုက်သွားသည့်အခါတွင် ပင်မြင့်ထက်ဆီမှ သစ်ရွက်ကလေးသည် အပင်ပေါ်မှမထွက်ခွာလိုသေးဟန်ဖြင့် အားခဲကာရိုးတံအားဆွဲထားပါသော်လည်း နောက်ထပ်ရိုက်ခတ်လာသော လေပြည်အဝှေ့တွင် လွမ်းမောဖွယ်ရာကလေးကြွေလွင့်၍ ဖတ်စာအုပ်ကိုကိုင်ကာ လမ်းလျှောက်နေသော အမျိုးသားလေး၏ဆံစတို့ထက်တွင်မှ နားခိုလေသည်။

"ဆရာ…ဆရာ"

ကလေးမလေး၏ ခေါ်သံကလေးနှင့်အတူ မြင့်တက်သွားသောနှုတ်ခမ်းထောင့်စွန်းတို့နှင့်အတူ ခွက်ဝင်သွားသောပါးချိုင့်ရေးရေးကလေး။မေတ္တာရိပ်တို့သည် ဤလူသား၏ မျက်ဝန်းညိုညိုတို့ပေါ်တွင် နေရာယူထားကြပုံသည်လည်း တုနှိုင်းမမှီ အနုပညာတစ်ခုပါပေ။

"ပြောလေ သမီး"

"ဆရာ့ရဲ့ခေါင်းပေါ်မှာ သစ်ရွက်ကြီးကပ်နေလို့"

"အာ ဟုတ်လား ဘယ်တုန်းကရောက်လာတာလဲမသိပါဘူး"

ဖြူဖွေးသွယ်လျနေသည့် လက်ချောင်းကလေးများ ဦးခေါင်းထက်သို့ရွေ့လျားသွားကြသည်။ရွက်ကြွေကလေး နောက်တဖန် လွင့်ထွက်သွားပြီး ပြတင်းပေါက်မှတစ်ဆင့် မြေပြင်ပေါ်သို့သက်ဆင်းသွားချေတော့သည်။ရွက်ကြွေဆိုသည်မှာ မြေမဟာနှင့်သာ သက်ဆိုင်သည်မဟုတ်လားလေ။

"ကယ် စာကိုသေချာနားထောင်ကြ"

တည်ငြိမ်အေးချမ်းသော အမိန့်မမည်သည့် ဟန့်တားသံနောက်တွင် ကြွတ်စီကြွတ်စီအသံများအားလုံး တဖြည်းဖြည်းပျောက်ကွယ်သွားကြသည်။ဒါသည်ကိုက အခြားဆရာများထံမှ ခဏခဏ ထုတ်ဖော်ချီးကျူးခံရတတ်သည့် သူ၏စွမ်းရည်တစ်ခု။ရောက်လာသည်မှာ တစ်လကျော်ရုံမျှပင် ရှိသေးသော်လည်း တစ်ခုခုဆိုလျှင် လေသံအေးအေးကလေးဖြင့် ပြောဆိုဆုံးမတတ်သော သူ့ကို အခြားတုတ်ကိုင်ဆရာများထက်စာလျှင် ကျောင်းသားများကအထူးချစ်ခင်လေးစားကြသည်။အထက်တန်းမှ ဆရာများကပင် သတိထားမိပြီးလာမေးရသည်အထိ။ယနေ့က လေထုအကြောင်းသင်ရမည်။ကလေးတွေဆိုတော့လည်း သိပ်ပြီးနက်နဲနေတာမျိုးလည်း မပါရှိပါချေ။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now