Part 13

2.5K 155 5
                                    

Nicode

ဒီနေ့ညတော့ သူတို့အဆောင်နေဆရာတစ်သိုက် နှုတ်ဆက်ပွဲဟုမဆိုသာသော်လည်း ပိတ်ရက်အပြီးပြန်ရတော့မည့် သက်ပိုင်အတွက် စားပွဲသောက်ပွဲလေးစီစဉ်ပေးဖြစ်ကြသည်။နေရာကိုတော့ သိပ္ပံဆောင်အနောက်ဘက် ကုက္ကိုလ်ပင်ကြီးအောက်တွင် ဖျာများခင်းကာ အသားများကင်ကြသည်။တိမ်ကင်းစင်နှင့်‌နေလတ်မှာ ဖော်ဖော်ရွေ‌ရွေ နေတတ်သူများပီပီရက်ပိုင်းအတွင်းမှာပင် ဒီကတော်တော်များများနဲ့ရင်းနှီးနေပြီ။ယခုလည်း ဘီယာများအားဘယ်ကဝယ်လာမှန်းမသိ။အိတ်ထဲမှ ကင်းစင်က တိတ်တိတ်ကလေးထုတ်ပြလာသည်။သူမျက်မှောင်ကြုတ်ကကည့်မိတော့ သွားအဖြဲသားဖြင့်ပြုံးပြလာသည်။သူတကယ်စဉ်းစားမရ ဘယ်လိုကောင်လေးမို့လို့ တိမ်ကင်းစင်အားကြိုက်နိုင်ရသနည်း။

"ဟီး အချမ်းပြေလေး"

"အေး သိပ်မမူးစေနဲ့"

"အေးပါဟာ ငါကရေချိန်မြင့်ပါတယ်"

"ဝေါ့ နင့်အန်ဖတ်တွေသိမ်းခဲ့ရတဲ့ အထက်တန်းကို ငါမေ့မနေသေးဘူးနော်"

အသားလွှာများအား ဂရုတစိုက်ကင်နေရင်း နေလတ်ကဝင်ပြောလာသည်။နွေးသက်ပိုင်၊နေလတ်မောင်မောင်နှင့် တိမ်ကင်းစင်ဆိုတာ ‌အထက်တန်းကျောင်းတုန်းက အမြဲတပူးပူးတတွဲတွဲ။မှုန်နေအောင် ‌လှပသည့်တိမ်ကင်းစင်က ချမ်းသာမှုကလည်းမျိုးရိုးနှင့်ချီမို့ မိန်းမပျက်မဟူသည့် အတင်းအဖျင်းပြောသံတွေကိုမခံစားခဲ့ရပါ။ပြောလဲမရသည်ကိုး။

"ဆရာနွေး "

"မြတ်လေး လာမှလာပါ့မလားလို့ စောင့်နေကြတာ"

"မလာစရာလား...ရော့ဒီမှာအနွေးထည် ဆရာနွေးဝတ်ထားတာ ပါးပါးလေး အအေးမိနေမယ်"

အင်း စရောက်ခါစက အနည်းငယ်အံ့အားသင့်ခဲ့ကြပေမယ့်လည်း ယခုတော့ မြတ်လေးရုံ၏သဲသဲကဲကဲ အလေးထားမှုများကြား ‌ကင်းစင်တို့ပင်ဘာမှမဖြစ်သလိုမျက်နှာပြောင်တိုက်နေနိုင်ခဲ့ပြီ။ကင်းစင်စိတ်ထဲ ဘာမျှအထူးအဆန်းမဖြစ်မိပါ။အဘယ့်ကြောင့်ဆိုသော် သူ့အစ်ကိုဝမ်းကွဲဖြစ်သည့်
တိမ်မိုးကောင်းကင်သည်လည်း သူ့ထက်တစ်နှစ်ကြီးသည့် အမျိုးသားတစ်ယောက်နှင့်လက်ထပ်ထားသည်လေ။သူအလယ်တန်းလောက်တုန်းက လာမိတ်ဆက်ပေးဖူးသည့် နွေဆိုသည့်အမျိုးသမီးကို သူမချစ်တော့လေရော့သလား။ဘာတွေဖြစ်ခဲ့မှန်းမသိသော်ငြား အခုအိမ်ထောင်နှင့်အဆင်မပြေဟုသတင်းများသဲ့သဲ့ကြားရသည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now