Part 22

2.1K 73 5
                                    

Unicode

"မငိုပါနဲ့ ဆရာနွေးရယ်"

တစ်ဖက်လူကိုသာ မငိုပါနှင့်ပြောနေသော်လည်း သူကိုယ်တိုင်ပင် မျက်ရည်များကျရလွန်း၍ မျက်ခမ်းစပ်များ ပူထူကာကျဉ်စပ်နေချေပြီ။သူတို့ကြား မည်သည့်အရာတွေက လွဲမှားသွားခဲ့သလဲ။ချစ်ရသူ၏ မျက်ရည်များက သူ့ပုခုံးပေါ်တွင် စိုစွတ်စွာ တောက်လောင်နေကြသည်။ဒါဘာတွေလဲ၊လွန်ခဲ့ပြီးသည့်အရာအားလုံးက လက်တွေ့တွေဖြစ်ခဲ့ပြီး သူကသာ စိတ်ကူးထဲတွင် အိပ်မက်များမက်နေခဲ့ခြင်းပေလော။

"အင့်…မြတ်လေး ကိုယ်တောင်းပန်ပါတယ်"

"ဟင့်အင်း…မတောင်းပန်ပါနဲ့၊ ဆရာနွေးက ဘာမှမမှားခဲ့ပါဘူး…ကျွန်တော်မှဆရာနွေးကိုမပိုင်ခဲ့ဘဲ…ကျွန်တော်သိပ် စည်းကျော်သွားတယ်ထင်တယ်…ကျွန်တော်တောင်းပန်ပါတယ်…ကျေးဇူးပြုပြီး မျက်ရည်မကျပါနဲ့ မနာကျင်ပါနဲ့ ပျော်ရွှင်စွာပဲ ပြုံးရယ်နေပေးပါ…အဲဒါကမှ ဆရာနွေးနဲ့ပိုလိုက်ဖက်တာ"

သူပြုံးပြလိုက်သည်။နင့်နင့်နဲနဲကလေး၊နက်ရှိုင်းနေသည့် ခံစားချက်တို့ကြောင့်လောမသိ ချစ်ရသူက သူ့အား မျက်လုံးအဝိုင်းသားဖြင့် စိုက်ကြည့်လာသည်။သူ့မျက်ဝန်းထဲက တစ်စုံတစ်ရာအား ရှာဖွေနေဘိသကဲ့သို့။

ဘာတွေကိုများ ရှာနေချင်တာလဲ နတ်ဘုရားငယ်…ဒီငမိုက်သားဆီမှာ ခင်ဗျားကိုချစ်တဲ့နှလုံးသားကလွဲပြီး ဘာမှမရှိတော့တာ မသိ‌လေရော့သလား။

"မြတ်လေး ကိုယ့်ကိုမမုန်းဘူးလား"

"ဘာလို့မုန်းရမှာလဲ…ချစ်တယ်ဆိုတာ ထာဝရအတွက်လေ မုန်းသွားဖို့မှ မဟုတ်ဘဲ"

"မြတ်လေး…ကိုယ့်ကိုအဲ့လောက်ထိတောင် ချစ်တာပဲလား"

"ကျွန်တော်ပြောခဲ့သားပဲ ကျွန်တော်က ချစ်တာထက်ပိုတယ် သက်ဝင်ယုံကြည်တာပါလို့"

"မြတ်လေး ကိုယ့်အမှား……"

နောက်ထပ်စကားလုံးများ ထွက်မလာခင် သူအလျင်အမြန်ပင် ချစ်ရသူ၏ နှုတ်ခမ်းပါးများအား လက်ညှိုးဖြင့် ဖိကပ်လိုက်သည်။

"ရှုး ထပ်မပြောနဲ့တော့…ပျော်နေပါ ဟုတ်ပြီလား…သားသားလေးက ချစ်စရာကောင်းပါတယ်…သာယာတဲ့မိသားစုလေးဖြစ်ပါစေ…ကျွန်တော်သွားတော့မယ်"

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Där berättelser lever. Upptäck nu