Part 12

2.5K 99 2
                                    

Unicode

ညသည် တိတ်ဆိတ်လျက်ရှိသည်။အချိန်လာ်း လင့်နေပြီဖြစ်သောကြောင့် သက်ပိုင်ခြင်ထောင်ချကာ အိပ်ရာဝင်ရန်ပြင် လိုက်သည်။မအိပ်ခင် ဘုရားရှိခိုးဖို့ရန်ကိုလည်းမမေ့။ထို့အတူပင် မအိပ်ခင်သူ့ကိုကန်တော့တတ်သော ကလေးအားလည်း တွေးမိပြန်တော့ လူကအလိုလိုပြုံးမိသွားပြန်သည်။

"ချွတ်!…ချွတ်"

"ဟင်!"

ခေါင်းရင်း ဆီကကြားလိုက်ရသည့် သစ်ရွက်ခြောက်များအားနင်းလျှောက်သွားသည့်အသံ။‌သူနားကြားမှားတာနေမှာပါဟု တွေးပါသော်လည်း ခြေသံက ကျယ်သထက်ကျယ်လာသည်။ပုံမှန်ဆိုအဲ့လောက်မကြောက်တတ်ပေမယ့် ခုကသုသာန်နှင့်ကပ်ရပ်ကြီးလေ။သူလက်အုပ်ချီ၍ တရားစာကိုသာတိုးတိုးကလေးရွတ်နေမိတော့သည်။ထိုစဉ် ကြားလိုက်ရသည့် တံခါးခေါက်သံ။

"တောက်…တောက်"

ဒုက္ခပါပဲ တံခါးကသော့ခတ်မထားမိပေ။အဆက်မပြတ်ထွက်ပေါ်နေသည့် တံခါးခေါက်သံ။သူစောင်ကိုခေါင်းမှီးခြုံထားလိုက်ကာ ခန္ဓာကိုယ်ကို ပုဇွန်တုပ်ကလေးသဖွယ်ကွေးထားလိုက်သည်။

"ကျွီ"

တံခါးဖွင့်သံ နှင့်အတူညဉ့်ငှက်အော်သံတို့က တညံညံ။ထို့နောက် တံခါးပြန်ပိတ်လိုက်သံနှင့်အတူ ပျဉ်ချပ်များပေါ်သို့နင်းလျှောက်လာနေသည့် ခြေသံဖွဖွ။ထို့နောက် ခြင်ထောင်စကိုဆွဲဖယ်လိုက်သံနောက်တွင် သူ့ကိုယ်ပေါ်မှစောင်အားဆွဲယူခြင်းကို ခံစားလိုက်ရသည်။ထို့နောက် သူ့ပုခုံးအား ဆွဲကိုင်လာသည့် အေးစက်စက်လက်တစ်‌ဖက်။

"အားးးး"

"ရှုး ရှုး ဆရာနွေး ကျွန်တော်ပါ"

သူအလန့်တကြားအော်လိုက်ပြီးမှ

"ဟင် ဟင် ဘယ်ကကျွန်တော်"

တွေ့လိုက်ရသည့် မြတ်လေး၏မျက်နှာ။သူချက်ချင်းပင်စိတ်အေးသွားကာ သိမ်းကျုံးဖက်လိုက်မိတော့သည်။

"ဆ ‌ဆရာ"

"တော်သေးတာပေါ့ မြတ်လေးဖြစ်နေလို့"

ထို့နောက်မှ သူပြန်လည်၍ နှစ်ခြိုက်စွာအိပ်ပျော်နိုင်တော့သည်။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Opowieści tętniące życiem. Odkryj je teraz