Part 20

2.3K 96 6
                                    

Unicode

လေးရုံ ဖုန်းကိုချလိုက်ပြီးနောက် လက်ထဲမှ ဓါးအား ပြတင်းပေါက်အပြင်ဘက်သို့လွှင့်ပစ် လိုက်သည်။ မလိုတော့ သူဆက်ပြီးတော့ ရူးသွပ်နေစရာမလိုတော့။လေးနှစ်တာကာလအလွန်မှာ သူ့အိပ်မက်တို့အမှန်တကယ်ဖြစ်လာခဲ့ချေပြီ။သူအိပ်မက်ဆိုးထဲမှ နိုးထလာနိုင်ခဲ့ပြီ။သူ ကုတင်ပေါ်မှထ၍ ဆေးရုံဝင်းအတွင်း တစ်ယောက်တည်း လမ်းလျှောက်သွားသည်။ယခုမှ တကယ့်ပြင်ပကမ္ဘာနှင့် ထိတွေ့ခွင့်ရသည့်လူလို လေကိုအဝရှုရှိုက်လိုက်ကာ ရယ်မောပစ်လိုက်သည်။

"Lay…"

ခေါ်သံနှင့်အတူ သူ့ရှေ့သို့ရောက်ရှိလာသည့် မျက်လုံးပြာပြာ။သူစူးစမ်းသလိုကြည့်တော့ လက်ထဲမှ ကော်ဖီဗူးအား မြောက်ပြလာသည်။ထို့နောက် ဗူးကိုဖောက်ကာ သူ့ဆီသို့ကမ်းပေးလာသည်။

"ကျေးဇူး"

သူ့ဆီမှ ပထမဦးဆုံးသောကျေးဇူးတင်စကားကို ကြားလိုက်ရ၍လောမသိ သူ့ကိုတအံ့တဩမော့ကြည့်လာသည်။ဪ သူကမြန်မာဆိုပေမယ့် ပြင်သစ်တစ်ယောက်ဖြစ်တဲ့ ရီးယပ်စ်ထက် သုံးလက်မကျော်ကျော်လောက်ပိုရှည်သည်လေ။ရီးယပ်စ်က မပုပါ။ခြောက်ပေရှိသည်၊လေးရုံကသာ ခြောက်ပေသုံးလက်မစွန်းစွန်းရှိနေခြင်း။လေ့ကျင့်ခန်းလဲမလုပ်ပါပဲ ခန္ဓာကိုယ်က အချိုးကျချင်တိုင်းကျနေပြန်တော့ ဆံပင်အရောင်ဆိုးကာ မျက်ကပ်မှန်များတပ်လိုက်ပါလျှင် တကယ့်ဥရောပရုပ်ပေါက်သွားမည်ပင်။

ဂျိုန် သူ့ရှေ့မှ Layအား မသိမသာကလေးခိုးကြည့်လိုက်သည်။တကယ်တော့ သူLayအား လေယာဉ်ကွင်းမှာကတည်းက သိခဲ့သည်ပင်။ထို့ကြောင့်လဲ သူနှင့်တစ်ခန်းထဲနေရအောင် ကြံစည်ခဲ့ခြင်း။သူLayကိုသဘောကျသည်။Lay၏ ခြေတံရှည်ရှည်တွေကိုရော၊မျက်လုံးညိုညိုတွေကိုရော၊မေးရိုးထင်းထင်းတွေကိုရော၊အဆုံးစွန် လမ်းလျှောက်သည့်ပုံစံကိုကစ သူအရူးအမူးသဘောကျသည်။အခြား ကောင်မလေးများလည်းသူ့ကဲ့သို့ပင်ဖြစ်ဟန်တူပါသည်၊ထို့ကြောင့်လည်း ကျောင်းခန်းထဲရှိLay၏ လော့ကာခန်းထဲတွင်နေ့စဉ်အချစ်စာကလေးများ ပုံစံအမျိုးမျိုးဖြင့်တွေ့ရတတ်ခြင်းပင်မဟုတ်ပေလော။တစ်ခါတစ်ရံ စာအိတ်ကလေးများဖြင့် တစ်ခါတစ်ရံ ရောင်စုံရေမွှေးစက္ကူကလေးများဖြင့်၊တစ်နေ့တစ်မျိုးမရိုးစေရ။

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now