Part 5

3.5K 138 2
                                    

Unicode

"သမီး ပန်းရုံရေ"

ခြံရှေ့မှ အမေ့အော်သံကြောင့် ကျောင်းသွားရန်ပြင်နေသည့် ပန်းရုံ ခြံတံခါးကိုအပြေးကလေးသွားဖွင့်လိုက်သည်။

"ဟော…အမေ မနက်ကြီး"

"ဟုတ်တယ်အေ…ညနေရထားနဲ့လိုက်လာတာ…ညည်းအဖေရော"

"အဖေက မနက်စာစားနေတယ် အမေရဲ့"

"အငယ်လေးရော ထပလား"

"မထသေးဘူး…အမေရေ…သေလို့ကောင်းနေတုန်းပဲ"

"ဟဲ့…အကြီးမ အငယ်လေးကိုအဲ့လိုမပြောရဘူးလေ…ကယ်သွားနှိုးလိုက်စမ်းပါ…ငါ့သားလေးမျက်နှာကြည့်ရအောင်ပါ"

"ကယ်ပါအမေရယ်…အဒေါ်ရောဘယ်လိုနေသေးလဲ…အခြေအနေအရမ်းဆိုးနေလို့လား"

"အင်း…သိပ်တော့အဆင်မပြေဘူးသမီးရေ…ဖြစ်နိုင်ရင်ဒီ့ထက်ပိုပြုစုပေးချင်သေးတာ…ကိုယ့်မိသားစုကလည်းရှိသေးတာမို့…ကယ် နင့်မောင်ကိုသွားနှိုးလိုက်ဦး"

"ဟုတ်"

သူအခန်းထဲဝင်သွားတော့ မှောက်ခုံဖြင့်အိပ်နေသော သူ။ခန္ဓာကိုယ်ကို ပက်လက်အနေအထားသို့ဆွဲလှန်လိုက်သည်။လေးရုံပင် အရွယ်ရောက်လာပြီ အရင်ကလိုစွေ့ခနဲကောက်ချီမရတော့။မည်သို့ပင်ဆိုဆဲပါစေ အော်ငါ့မောင်လေးတောင်အရွယ်ရောက်လာပါကလား ဆိုသည့်အတွေးကြောင့်ကြည်နူးရပြန်သည်။သို့ပေမယ့် ခလူးခလောအိပ်ပျော်နေသည့်မျက်နှာအားကြာကြာကြည့်မိတော့ ဒေါသကထွက်လာပြန်သည်။

"လေးရုံ!!…ဟဲ့မြတ်လေးရုံ…ထထ"

"အင်း…"

တစ်ချက်လောက် ငြီးညူကာတစ်ဖက်သို့ ပြန်လှည့်သွားသေးသည်။

"မြတ်လေးရုံ……ထတော့ ၈နာရီထိုးတော့မယ်…"

ထိုအခါမှ အိပ်မှုန်စုတ်မွှားနှင့် ငေါက်ခနဲထိုင်လာသည်။

"ဟာ…မမကလည်း နှိုးမယ်ဆိုလဲ တိုးတိုးအော်လေ…တော်ကြာပတ်ဝန်းကျင်ကကြားသွားရင်…ငါ့ကိုနေဖင်ထိုးမှထတဲ့ကောင်လို့ထင်သွားကြမှာပေါ့"

"အော်…မဟုတ်လို့လား သူကပဲရှက်ရတယ်ရှိသေး…ထမင်းချိုင့်က ကြောင်အိမ်ထဲမှာ…ကြားလား"

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Dove le storie prendono vita. Scoprilo ora