Part 14

2.5K 93 9
                                    

Unicode

ပိတ်ရက်ပြီးပြီးချင်းပင် ကိုမောင်တို့နှင့်အတူ ဆရာနွေးပါ ပါသွားသည်။သူတို့လည်း နောက်ဆုံးစာမေးပွဲကြီးကိုဖြေရဦးမည်ကိုး။ဆရာနွေး ရန်ကုန်ပြန်သွားကတည်းကလေးရုံ
နေ့ရက်တွေကိုဖြတ်သန်းရသည်မှာ ခြောက်ကပ်ကပ်နိုင်လှသလို ခံစားရသည်။
သူတို့ ဆယ်တန်းစာမေးပွဲက မတ်လကျမှ။ဆိုတော့ တရားဝင်ဖြစ်ခွင့်ကလည်း တော်တော်လေးကြာဦးမည်။အစက ဖွင့်ပြောခြင်းတွင် ဘာမျှော်လင့်ချက်မှမပါဟု မဟုတ်သော်ငြား ကြီးကြီးမားမားတော့တွေးမထားခဲ့ပါ။သို့ပေမယ့် ကြင်နာသူဘက်မှ လက်ခံကြောင်းသေချာနေသောအခါတွင်လည်း သူ့နှယ် နှစ်လကျော်စောင့်ရမည်ကိုပင် စိတ်မရှည်နိုင်တော့ချေ။နှင်းနတ်သမီးရေ ခင်ဗျားမြန်မြန်အိမ်ပြန်ပါတော့။

"လေးရုံ ဦးရာတို့လာတယ်"

သူအိမ်အောက်သို့ဆင်းရန် အလိုမရှိသောကြောင့် အောက်ထပ်မှလူများ ကြားလောက်သည့်အသံဖြင့်အော်ပြောလိုက်သည်။

"အေး အိမ်ပေါ်တက်လာခဲ့ကြ"

ခဏနေတော့ တံခါးခေါက်သံကိုကြားရသည်။ဒါဟာလည်း သူ့အကျင့်တစ်ခု ။အခန်းတံခါးအား အမြဲဂျိတ်ခတ်ထားတတ်ခြင်း။သူထ၍ တံခါးသွားဖွင့်ပေးလိုက်တော့ လက်တစ်ဖက်တွင် ဘောလုံးအားပိုက်ထားသည့် ချစ်ဦးရာကို အလျင်တွေ့လိုက်ရသည်။သူ့နောက်တွင်တော့ စပ်ဖြဲဖြဲရုပ်ဖြင့် ငြိမ်းကျော်။သေခါနီးရုပ်ဖြင့်လင်းတမှိုင်သလို မှိုင်နေသည့် ညချိန်ယံကို မြင်နေရသည်မှာ ကိုယ့်ကိုယ်ကိုယ်ပြန်မြင်နေရသလိုမို့ မြင်ပြင်းကပ်လာသည်။

"ယံယံ ကဘာဖြစ်တာ သူ့ကြီးဒေါ်လင်နောက်လိုက်သွားလို့လား"

သူ စာရေးခုံတွင် ဝင်ထိုင်ရင်း မေးလိုက်ခါမှ ပြိုတော့မည့်မိုးလို မည်းမှောင်လာသည့်မျက်နှာမှာ ညချိန်ယံဟူသည့် အမည်နာမနှင့်လွန်စွာမှ လိုက်ဖက်ပါပေသည်။သူ့အမေးကို အမေးခံရသူကမဖြေ ငြိမ်းကျော်က ရယ်မောရင်းဖြေပေးလာသည်။

"လင်နောက်လိုက်တာတော့ဟုတ်တယ်…ဒါပေမယ့်သူ့အမေတော့မဟုတ်ဘူး "

"ဘယ်သူတုန်း"

"သူ့ကောင်မလေး မင်းမသိဘူးလား"

ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)Where stories live. Discover now